တံတားဦး    ဇူလိုင်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဆင်တဲကျေးရွာတွင် ကုန်ကုတ်လမ်းဖောက်လုပ်နေမှုကို ယနေ့ နံနက် နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာကုန်ထုတ်လမ်းမှာ လမ်းအရှည်မှာ ဒသမ ၀၆ ဖာလုံရှိပြီး လမ်းကျယ်မှာ ၁၂ ပေ၊ အမြင့် မြေသား ပေ ဂျင်းကျောက် လက်မအပြင်  လမ်းပခုံးသားမြေဖို့ခြင်းနှင့် ရေမြောင်းတူခြင်းလုပ်ငန်းများ ပါဝင်သည်။

 

အဆိုပါ ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ်ရန်ပုံငွေ ၃၆ ဒသမ ၅၂၀ ကျပ်သန်းဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ထုတ်လမ်းပြီးစီးပါက ဒေသခံများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ကျေးရွာ၏ကုန်စည်စီးဆင်းမှု လွယ်ကူပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကာ ရာသီမရွေး၊ အချိန်အခါမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ရဲတင့်(တံတားဦး ပြန်/ဆက်)