တံတားဦး ၄ ဇူလိုင်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဆင်တဲကျေးရွာတွင် ကုန်ကုတ်လမ်းဖောက်လုပ်နေမှုကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းမှာ လမ်းအရှည်မှာ ၆ ဒသမ ၀၆ ဖာလုံရှိပြီး လမ်းကျယ်မှာ ၁၂ ပေ၊ အမြင့် မြေသား ၂ ပေ ဂျင်းကျောက် ၉ လက်မအပြင် လမ်းပခုံးသားမြေဖို့ခြင်းနှင့် ရေမြောင်းတူခြင်းလုပ်ငန်းများ ပါဝင်သည်။
အဆိုပါ ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ်ရန်ပုံငွေ ၃၆ ဒသမ ၅၂၀ ကျပ်သန်းဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ထုတ်လမ်းပြီးစီးပါက ဒေသခံများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ကျေးရွာ၏ကုန်စည်စီးဆင်းမှု လွယ်ကူပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကာ ရာသီမရွေး၊ အချိန်အခါမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး ပြန်/ဆက်)


