ဘောဂလိ   ၇  ဇူလိုင်  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများသည်  ယမန်နေ့  နံနက်ပိုင်းက  မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူး ကျေးရွာတွင် မြေဆီလွှာ ဖွံ့ဖြိုးစေရန်အတွက် စိုက်ပျိုးနည်းပညာများ ပြသဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင်   ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းက မဲတင်းတိမ်ကျေးရွာ တောင်သူ ဦးမြင့်လွင် လယ်ယာမြေ၌  ဆင်းသုခမိုးစပါးများကို ပေါင်ပျိုးစနစ်ဖြင့်  ပျိုးထောင်ထားရှိမှုအား  ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး ၊ မိုးစပါးစိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်ပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများအား  မြေပြင်ခြင်း နှင့်   ပေါင်ပျိုးထောင်ခြင်း  နည်းပညာများအား  ရှင်းလင်း  ပြသဆောင်ရွက်ပေးခဲ့သည်။ ဘောဂလိမြို့ တွင် လယ်ယာမြေစိုက်ပျိုးမြေဧက ၁၇၁၉ ဧကရှိကြောင်း ဘောဂလိမြို့ စိုက်ပျိုးရေး ဦးစီးမှူးက ပြောကြားကြောင်း သိရသည်။

 

နီလာအေး (ပြန်/ဆက်)