ဘောဂလိ ၇ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူး ကျေးရွာတွင် မြေဆီလွှာ ဖွံ့ဖြိုးစေရန်အတွက် စိုက်ပျိုးနည်းပညာများ ပြသဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းက မဲတင်းတိမ်ကျေးရွာ တောင်သူ ဦးမြင့်လွင် လယ်ယာမြေ၌ ဆင်းသုခမိုးစပါးများကို ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ထားရှိမှုအား ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး ၊ မိုးစပါးစိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်ပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများအား မြေပြင်ခြင်း နှင့် ပေါင်ပျိုးထောင်ခြင်း နည်းပညာများအား ရှင်းလင်း ပြသဆောင်ရွက်ပေးခဲ့သည်။ ဘောဂလိမြို့ တွင် လယ်ယာမြေစိုက်ပျိုးမြေဧက ၁၇၁၉ ဧကရှိကြောင်း ဘောဂလိမြို့ စိုက်ပျိုးရေး ဦးစီးမှူးက ပြောကြားကြောင်း သိရသည်။
နီလာအေး (ပြန်/ဆက်)


