ရေကြည် ၁၈ ဇန်နဝါရီ 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၏ ကျက်သရေဆောင် သာသနာ့သမိုင်းဝင်  ထူပါရုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ၄ ရက်ကြာ ဘုရားကြီး၏ ပရဝဏ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။


ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဘုရားကြီး၏အာရုံခံတိုက်တော်အတွင်း၌ သံဃာတော်အရှင်သူမြတ်များက အသံမစဲပဋ္ဌာန်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌကပြောသည်။


ဘုရားပွဲတွင် ဇာတ်သဘင်အဖွဲ့က ကပြမည့်အပြင် ကလေးကစားကွင်းများ ဈေးဆိုင်တန်းများနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။


အောင်သူဟန် (ပြန်/ဆက်)