၂၂ သြဂုတ်
ဟယ်ရီပေါ်တာဇာတ်ကားထဲက နယ်ဗလီလောင်းဘော့တွန်အဖြစ် သရုပ်ဆောင်တဲ့ မက်သရူးလူးဝစ်နဲ့ ဒရာကိုမယ်ဖွိုင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ တွမ်ဖီတန်တို့ဟာပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ပြန်လည်တွေ့ဆုံဖြစ်ခဲ့တဲ့အတွက် ဟယ်ရီပေါ်တာဇာတ်ကား ပရိသတ်တွေလည်း ပျော်ရွှင်နေရတယ်လို့သိရပါတယ်။
သူတို့နှစ်ဦး အချင်းချင်း စနောက်နေကြတဲ့ပုံတွေကိုလည်း အင်စရာဂရမ်မှာ တင်ထားခဲ့ကြပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကားထဲမှာ ဂရစ်ဖင်းဒေါအဆောင်နဲ့ ဆယ်လီသရင်းအဆောင်တို့ဟာ ရန်ဘက်အဆောင်တွေဖြစ်ကြပြီး မက်သရူးက ဂရစ်ဖင်းဒေါအဆောင်က နယ်ဗလီ အဖြစ် သရုပ်ဆောင်ခဲ့ကာ တွမ်ဖီတန်ကတော့ ဆယ်လီသရင်းအဆောင်က ဒရာကို မယ်ဖွိုင်းအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အခုလည်း မက်သရူးကို တွမ်ဖီတန်က ဆယ်လီသရင်းအဆောင်ပြောင်းခဲ့ဆိုပြီး စနောက်ထားပါတယ်။
လက်ရှိမှာတော့ မက်သရူးဟာ သူ့ရဲ့ဇနီးလောင်း အန်ဂျီလာဂျုံနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ လက်ထပ်ခဲ့ပါတယ်။ တွမ်ဖီတန်ကတော့ အင်္ဂလိပ်လူမျိုး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် ဂီတဘက်မှာလည်း အောင်မြင်တဲ့လူတစ်ယောက်ပါ။ သူဟာအသက် ရှစ်နှစ်ကစပြီး သူ့ရဲ့သရုပ်ဆောင် အလုပ်ကိုစတင်ခဲ့ပါတယ်။ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေနဲ့ သူ့ကိုလူသိများခဲ့ပါတယ်။
ဟယ်လို