mdn

ရန်ကုန် ၂၄ သြဂုတ်

 

အဆိုတော်မီမီဝင်းဖေ၏ Solo Concert ပွဲကြီးကို သြဂုတ် ၂၅ ရက်နေ့ည ၇ နာရီတွင် Sky Star Hotel (Ball Room) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မီမီဝင်းဖေ ဖေ့စ်ဘုတ်စာမျက်နှာမှ သိရသည်။

 

ပရိသတ်များအနေဖြင့် အဆိုတော် မီမီဝင်းဖေ၏ Live ဖျော်ဖြေတင်ဆက်မှုများကို အားပါးတရ ကြည့်ရှုခံစားကြရမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် လက်မှတ်ဈေးနှုန်းများမှာ ငွေကျပ် ငါးသောင်းကျပ်၊ သုံးသောင်းကျပ်နှင့် နှစ်သောင်းကျပ်တို့ အသီးသီးဖြစ်ကြောင်း သိရသည်။

 

MDN