mdn

ရန်ကုန် ၂၈ သြဂုတ်

 

R - Square ရုပ်ရှင်ထုတ်လုပ်ရေး မှ  ဇာတ်လမ်း အောင်ခန့်ဇော် ( စိန်ပေါလ် ) ရေးသားထားပြီး  ဒါရိုက်တာ စတီးလ် ( ဒွေးမေတ္တာ ) ဖန်တီး ရိုက်ကူးပုံဖော်မည့် " ၂၀၂၀ တိုင်စာ" ဟု အမည်ရသည့်  ရုပ်ရှင်ဇာတ်ကားကြီးကို  ယခုလ (၂၆) ရက်နေ့မှ စတင်ပြီး  ရန်ကုန်မြို့နှင့် နေပြည်တော်တွင်လည်း သွားရောက်ရိုက်ကူးမည်ဟုသိရသည်  ။ 

 

အဆိုပါ ဇာတ်ကားတွင် အကယ်ဒမီထွန်းထွန်း၊ နေထက်လင်း ၊ နေမျိုးအောင်၊ ဇင်ဝိုင်း ၊ မင်းသူ ၊ နေရဲ ၊ ကျော်ထူး ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊ ခိုင်နှင်းဝေ ၊ ရွှေသမီး ၊မေမြင့်မိုရ် ၊ကြယ်ဖြူရှင်းသန့် နှင့် ဧည့်သည့်သရုပ်ဆောင် ထွန်းကိုကို ၊ ဒိန်းဒေါင် ၊ ထူးခြား ၊ တို့ပါဝင်သရုပ်ဆောင်ထားကြောင်း သိရရှိရသည် ။     ယင်းဇာတ်ကားသည်   ဆိုရှယ်မီဒီယာကို အကြောင်းပြုရိုက်ကူးထားသော ဇာတ်ကားတစ်ကား  ဖြစ်ပြီး ဆိုရှယ်မီဒီယာ၏ သားကောင်ဖြစ်ခဲ့ရသူများ အကြောင်းကို ပညာပေးအဖြစ်   ရိုက်ကူးမည် ဇာတ် ကားဟု သိရရှိရသည် ။

 

 

 "   လူငယ်တွေအသုံးများတဲ့ ဆိုရှယ်မီဒီယာရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေအကြောင်း ရယ်နောက်ပြီး အွန်လိုင်းပေါ်မှာ Cyber Bullying တိုက်ခိုက်ခံရတဲ့ လူငယ်တွေဟာ မိမိမိသားစု၊ ပတ်ဝန်းကျင်မှာပါ ဘယ်လိုလူမှုရေးထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်သလဲဆိုတာကို ပညာပေးပုံစံလေး ရိုက်ကူးမှာပါ ၊ကျွန် တော်တို့တွေ Fb သုံးကြတဲ့အခါ အဲဒီအထဲကနေ ကောင်းတဲ့အရာလေးတွေရှိသလို တချို့လွဲမှားနေတဲ့ အရာတွေလည်း ရှိတတ်တယ်။ အဲဒီအတွက် တစ်ခုခုကို လုပ် တော့မယ်ဆိုရင် ကိုယ်ချင်း စာစိတ်လေးထားဖို့ကို အဓိက ရည်ရွယ်တာပေါ့နော်။ ကိုယ့်ရဲ့ လက်ထဲမှာ ဖုန်းရှိတာနဲ့ပဲ အဲဒီဖုန်းက ကင်မရာလေးနဲ့ ရိုက်လိုက်တဲ့ပုံကြောင့် ပဲဖြစ်ဖြစ်၊ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်း ကြောင့်ဖြစ်ဖြစ် တစ်ဖက်သားမှာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်သွားမလဲဆိုတာကို နားလည်စေချင်တယ်။ မျှဝေစေချင်တယ်။ အခုခေတ်ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေဘဝက  မလုံခြုံတော့ဘူးလို့ မြင်မိတယ်။ ဒါကြောင့် အွန်လိုင်းအပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မီးမောင်းထိုးပြချင်တဲ့ အတွက် ဒီကားလေးကို ရိုက်တာပါ "ဟု ဒါရိုက်တာ စတီးလ်က ပြောသည်။ 

 

ကိုလင်း