mdn

ရန်ကုန် ၂၈ သြဂုတ်

 

Miss Golden Land Myanmar 2018 အမည်ဖြင့်  ပြည်တွင်း၌ (၅) ကြိမ်မြောက် ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု အလှမယ် အယောက် ၂ဝ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  Miss Supranational Myanmar 2018 ဆုကို ရခိုင်ပြည်နယ် ကိုယ်စားပြုအလှမယ် ရွှေအိမ်စည်၊ 1st Runner up ဆုကို ရှမ်းပြည်နယ် အရှေ့ပိုင်းကိုယ်စားပြု အလှမယ် အယ်လီနာဝင်း၊ 2nd Runner up ဆုကို ရန်ကုန်တောင်ပိုင်း ကိုယ်စားပြု အလှမယ် နန်းချယ်ရီတို့က အသီးသီးရရှိခဲ့ကြပါတယ်။ Miss Supranational Myanmar 2018 အဖြစ် ရွေးချယ်ခံရသူ  အလှမယ် ရွှေအိမ်စည်ဟာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ၊ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational Myanmar 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရရှိရသည်။

 

“အဓိကတော့  Golden Land မှာ ဆောင်ပုဒ်လေးရှိတယ်။Body,Beauty,Brain ဒီသုံးခုအပေါ် အခြေခံကာ ရွေးချယ်တာပါ ၊အဲ့တော့  Body အနေနဲ့ကတော့ အလှမယ် တစ်ယောက် ဖြစ်တဲ့အတွက် ကြောင့် ကျန်းမာကြံ့ခိုင်တဲ့ Body ရှိတယ်၊ ကိုယ်က ဘယ်လောက်ထိ ကျန်းမာကြံ့ခိုင်လဲ ဆိုတာ စစ်ဆေးတာ ဖြစ်ပါတယ်၊ Beauty အနေနဲ့က နှစ်ပိုင်းရှိတယ်။ Inner Beauty နဲ့ Outer Beauty ဆိုပြီးတော့။Inner Beauty က နိုင်ငံ့ကိုယ်စားပြု အလှမယ်ဖြစ်တဲ့အတွက် အများနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်၊ အများကို ကူညီချင်တဲ့စိတ်၊ ပရဟိတစိတ်တို့ ဆိုတာတွေ ရှိရမှာဖြစ်ပါတယ်။ ဒါစိတ်ပိုင်းဆိုင်ရာအလှ။ ရုပ်ပိုင်းဆိုင်ရာအလှက အလှမယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ အတွက် လှကိုလှရမယ်။ နောက်တစ်ခုက Brain ပေါ့။ နိုင်ငံ့ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဒါတွေကို သိရှိဖို့ လိုအပ်ပါတယ်  နိုင်ငံတကာရဲ့ အကြောင်းတွေကိုလည်း သိရှိဖို့ လိုအပ်ပါတယ်၊ အဲ့အတွက်ကြောင့်၊ အိမ်စည်အနေနဲ့ ဒါတွေကို သေချာလေ့လာထားပါတယ်" ဟုဆိုသည်။

 

ကိုလင်း