၃၁ သြဂုတ်
We Are Connected ဟု အမည်ရသော ဂီတပွဲတော်ကြီးကို ယခုနှစ် September 15 ရက် ရန်ကုန်မြို့ Thuwunnabhumi Event Park တွင် ကျင်းပမည်ဟုသိရသည်။ အဆိုပါ ပွဲတော်သည် ကမ္ဘာအနှံ့အပြားတွင် Festival ပေါင်းများစွာကို ကျင်းပနေသော ကမ္ဘာကျော် နယ်သာလန်နိုင်ငံမှ ALDA Events အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ EDM Music ပွဲစီစဉ်သူများထဲမှ အကြီးဆုံးဖြစ်သည့်၊ H-Life Entertainment တို့ ပူးပေါင်းပြီး ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမည်ဟု သိရသည်။
"ဒီတစ်ခါ ပြုလုပ်တဲ့ ပွဲက တကယ်ကို မိုက်ပါတယ်၊ ကျွန်တော်တို့ H- Life Entertainment အနေနဲ့၊ စတိတ်ပိုင်းကအစ လူငယ်တွေ အတွက် အမိုက်စားတွေ ပြင်ဆင်မှာပါ ၊ Alan Walker ဆိုရင် နော်ဝေး နိုင်ငံသားဖြစ်ပါတယ် သူရဲ့ Where are You now ဟာဆိုရင် သူ့ရဲ့ FADED သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်း အအောင်မြင်ဆုံး ဖြစ်ခဲ့သူပေါ့နော်၊ သူ့ဟာဆိုရင် နိုင်ငံပေါင်း (၃၁) နိုင်ငံမှာ No 1 Hit Song ဖြစ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့ သူ့ရဲ့ အအောင်မြင်ဆုံး ဂီတတွေကတော့ Sing Me To Sleep , Alone , The Spectre , All Falls Down , စတဲ့ သီချင်းတွေနဲ့လည်း ပရိသတ်အားပးမှု ရခဲ့သူပေါ့နော်၊ နောက်တစ်ယောက်ကတော့ Dan Diablo ပါ သူကတော့ နယ်သာလန်နိုင်ငံသားတစ်ယောက်ပါ၊ Future House Style တွေကို Vocal အမိုက်စားတွေနဲ့ တီးခတ်ပြီး EDM Music လောကကို အပိုင်းသိမ်းထားတဲ့ သူဆိုလည်း မမှားပါဘူး ၊ ယခုနှစ်မှာတော့ သူ့ရဲ့ Future ဆိုတဲ့အမည်နဲ့ ALBUM အသစ်ကိုထွက်ရှိထားတဲ့ သူဖြစ်ပါတယ်၊ သူ့ရဲ့ကိုယ်ပိုင် Hexagon Label မှာလည်း၊ Artist တွေကိုမွေးထုတ်ပေးနေသူဖြစ်ပါတယ် ၊ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ အအောင်မြင်ဆုံး ဂီတတွေကတော့ ၊ Chemicals ၊ Cutting Shapes ၊ Whate We Started ၊ Save a Little Love၊ Head Up စတဲ့ သီချင်းတွေကတော့ သူ့ရဲ့ အအောင်မြင်ဆုံးသီချင်းတွေပါပဲ ၊ သူတို့ နှစ်ဦး အပြင်တစ်ခြား နာမည်ကြီးတွေလည်း ဖျော်ဖြေကြမှာမို့ လာရောက်စေချင်ပါတယ်" ဟု H- Life Entertain ment မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ We Are Connected တွင် ကမ္ဘာ့အကောင်းဆုံး ဂီတပညာရှင်များဖြစ်ကြသော Alan Walker (လက်ရှိကမ္ဘာ့အဆင့် - 17) နှင့် Don Diablo (လက်ရှိကမ္ဘာ့အဆင့် -11) တို့မှ Headliners များအဖြစ် ဦးဆောင်ဖျော်ဖြေ သွားမှာဖြစ်ပြီး၊ အခြားသော နာမည်ကြီး ကမ္ဘာကျော် ဂီတပညာရှင်များဖြစ်ကြသော Sander Van Doorn ၊ Cash Cash ၊ The Him တို့အပြင် ပြည်တွင်းမှ နာမည်ကြီး ဂီတပညာရှင်များလည်း ပါဝင်မည်ဟုသိရရှိရသည်။
ကိုလင်း