၄ စက်တင်ဘာ
U2 အဖွဲ့မှ အဆိုတော် ဘိုနိုဟာ အသံကျန်းမာရေးအခြေအနေကြောင့် ဘာလင်မြို့မှာကျင်ပမယ့်ပွဲကို ဖျက်လိုက်ရပြီးတဲ့နောက်မှာတော့ နယ်လှည့်ဖျော်ဖြေပွဲရဲ့ကျန်ရှိနေတဲ့ပွဲတွေအတွက် အသံအခြေအနေပြန်လည် ကောင်းမွန်ဖို့ မျှော်လင့်ထားတယ်လို့ပြောပါတယ်။
အဆိုတော်ဘိုနိုကတော့သူဟာ ဆရာဝန်နဲ့တွေ့ပြီးပြီ။ သက်သာလာပြီး ဆိုးဆိုးဝါးဝါး အခြေအနေတွေ မရှိတော့ဘူးလို့ ပြောပါတယ်။ စနေနေ့က ဘာလင်ရှိုးပွဲကို ဖျက်သိမ်းလိုက်ရတဲ့အခါမှာတော့ ဘိုနိုရဲ့ပရိသတ်တွေဟာ တော်တော်လေး စိတ်ထိခိုက်သွားကြပါတယ်။ ဘိုနိုထွက်မလာခင် အိုင်ရစ် တေးဂီတအဖွဲ့ဟာ သီချင်းပေါင်း များစွာနဲ့ဖျော်ဖြေခဲ့ပြီး အဲဒီနောက်မှာတော့ဘိုနိုက သူသီချင်းမဆိုနိုင်တော့ကြောင်း ပရိသတ်ကို တောင်းပန်ခဲ့ပါတယ်။
US အဖွဲ့ရဲ့ ဥရောပတစ်ခွင် နယ်လှည်ဖျော်ဖြေပွဲကို သောကြာနေ့ညမှာ ကျင်းပခဲ့ရာ Red Flag Day ဆိုတဲ့ သီချင်းကို သီဆိုနေရင်း ဘိုနိုအသံ ထိခိုက်သွားတာပဲဖြစ်တယ်။ အဲဒီနောက်မှာတော့ ဘိုနိုဟာ ခတ္တအနားယူခဲ့ပြီး ပြန်လည်သီဆိုချင်းမပြုတော့ပါဘူး။ U2 အဖွဲ့ကတော့ ဘိုနိုဟာ ဘာလင်မှာ အားပါးတရ သီဆိုဖျော်ဖြေမယ်လို့ စိတ်ကူးထားပေမယ့် အသံပြဿနာကြောင့် ဖျော်ဖြေနိုင်ခြင်းမရှိခဲ့ပါဘူးလို့ ပြောတယ်။ ဘိုနိုရဲ့ပရိသတ်တွေကတော့ ရှိုးပွဲကိုဖျက်လိုက်ရတာကို နားလည်ပါတယ်။ ဘိုနိုအမြန်သက်သာဖို့ပဲ မျှော်လင့်ပါတယ်လို့ ပြောခဲ့ကြပါတယ်။
ကိုးကား>> ဘီဘီစီ