၅ စက်တင်ဘာ
သရုပ်ဆောင်ခြင်းထက် သီချင်းသစ်များဖန်တီးသီဆိုခြင်းကို အားသန်နေသည့် နန်းဆုရတီစိုးက ရူးအောင်ချစ် တယ်တေးသီချင်းကဲ့သို့ ပရိသတ်အကြိုက်တွေ့စေမည့် တေးသီချင်းလေးများကို ထပ်မံသီဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။
“သီချင်းပုံစံက ဆိုထားတာတွေ နှစ်မျိုးဖြစ်နေတယ်။ ဘယ်လိုသီချင်းမျိုးတွေကို အရင်ထွက်ရမလဲဆိုတာ နန်းဆုစဉ်းစားနေပါတယ်။ အလွမ်းသီချင်းမျိုးလား ပျော်စရာသီချင်းမျိုးလားဆိုတာပါ။ EDM ပုံစံ အမြူးတွေကို အွန်လိုင်းမှာ အရင်တင်ဖြစ်မယ်ထင်တယ်။ တေးရေးကတော့ နှစ်ဦးရှိတယ်။ ကိုဝေကြီးနဲ့ G-Fatt ပေါ့၊ G-Fatt ရေးပေးတာတွေက ပုံစံပိုစုံတယ်။ မိန်းကလေးဆန်တဲ့ သီချင်းအေးလေးတွေလည်းရှိတယ်၊ သေချာတာက သူက နန်းဆုအနားမှာ အမြဲရှိတဲ့သူမို့ကိုယ့်ခံစားချက်၊ ကိုယ့်အကြောင်း အကုန်သိတယ်လေ။ ဒါကြောင့် သူရေး ပေးတဲ့သီချင်းတွေက ကိုယ့်ခံစားချက်နဲ့အတူတူပဲ၊ ဒါပေမယ့် ပိုအားထည့်ရတယ်၊ အမှန်ပြောရရင် သူလိုချင်တဲ့အတိုင်း မရမချင်းကြိုးစားရတော့ ပင်ပန်းတယ်” ဟု နန်းဆုရတီစိုးကပြောကြားသည်။
ကိုလင်း