mdn

၅ စက်တင်ဘာ

 

လှပ၍ အရည်အချင်းပြည့်ဝသည့် အမျိုးသမီးများ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်သည့် Sweet and Smart Fashion Collection ပွဲကို ကျင်းပရန်ရှိပြီး ပါဝင်ယှဉ်ပြိုင်လိုသည့် အမျိုးသမီးများ လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် လူမှုကွန်ရက်မှတစ်ဆင့်လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

 

“အလှဆုံးချုပ်ထားတဲ့ ဝတ်စုံတွေကို စိတ်ကြိုက်ရွေးချယ်ထားရတဲ့ အမျိုးသမီးတွေကို ဝတ်ဆင်ပေးချင်တာပါ။ ဒီပွဲက ကျွန်တော့်ရဲ့ ပထမဆုံးပွဲလည်းဖြစ်သလို ပင်တိုင်မော်ဒယ်လ်တစ်ဦး ရှိထားဖို့ပါ။ ဒီဇိုင်နာအလုပ်ကိုလုပ်ခဲ့တာ ခြောက်နှစ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် မျက်နှာသစ်အလှမယ်တွေကို ဖော်ထုတ်ပေးဖို့ ဆန္ဒရှိလို့ အခုလို ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်” ဟု ပွဲကိုစီစဉ်ကျင်းပမည့် ဒီဇိုင်နာ မင်းသက်စံက ပြောသည်။

 

တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းရှိ Sweet and Smart တွင် လာရောက်လျှောက်ထားနိုင်ပြီး လျှောက် ထားသူများအနက် ဆန်ခါတင် ၂၀ ကို ရွေးချယ်မည်ဖြစ်ကာ ၄င်းတို့ထဲမှ သုံးဦးကို အွန်လိုင်း Voting စနစ်ဖြင့် ဆန်ခါတင် ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။ ဆုကြေးအဖြစ် ငွေကျပ် သိန်း ၃၀ သတ်မှတ်ထားပြီး Idea Magazine တွင်လည်း မျက်နှာဖုံးအဖြစ် ဓာတ်ပုံရိုက်ကူးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

 

ကိုလင်း