၅ စက်တင်ဘာ 

 

ကန်ထရီးတေးဂီတပညာရှင် ဒေါ်လီပတ်တန်ကို ဂရမ်မီဆုချီးမြှင့်မယ်ဆိုတာကို အင်္ဂါနေ့မှာ ဆုရွေးချယ်ရေးအဖွဲ့ ဂီတ အကယ်ဒမီ(Recording Academy) က ကြေငြာလိုက်ပါတယ်။ 

 

Recording Academy ကစီစဉ်တဲ့ ကုသိုလ်ဖြစ် တေးဂီတပွဲ ကနေရရှိလာတဲ့ အလှူငွေတွေကို အကူအညီလိုနေတဲ့ ဂီတပညာရှင်တွေကိုထောက်ပံ့ သွားမှာဖြစ်ပြီး  နှစ်ပတ်လည် ကုသိုလ်ဖြစ်တေးဂီတပွဲရဲ့ ၂၀၁၉ နှစ်အတွက် MusiCares ဆုကို ဒေါ်လီပတ်တန် ရရှိမှာဖြစ်ပါတယ်။ 

 

ဒေါ်လီပတ်တန်ဟာ ကန်ထရီးတေးဂီတ အမျိုးသမီး ပညာရှင်တွေထဲမှာ ထင်ရှားတဲ့ သူဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင်လည်း တေးစပ်သူ ဖြစ်ပါတယ်။ ဒေါ်လီပတ်တန်ဟာ တင်နက်စီပြည်နယ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြယုဒ်အနေနဲ့လည်း ဂုဏ်ထူးဆောင်နေသူဖြစ်ပါတယ်။ ဒေါ်လီပတ်တန်ဟာ MusiCares ဆုကို ရတဲ့ ပထမဦးဆုံး ကန်ထရီးတေးဂီတပညာရှင်ဖြစ်လာပါပြီ။ 

 

နောက်နှစ် ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ လော့အန်းဂျလိစ်မှာ ကျင်းပမယ့် ဂရမ်မီဆုပေးပွဲမှာ ပတ်တန်ကို ဆုချီးမြှင့်မယ်လို့ သိရပါတယ်။ 

 

မနှစ်က ကျင်းပခဲ့တဲ့ ကုသိုလ်ဖြစ်တေးဂီတပွဲကနေ ရရှိတဲ့ အမေရိကန် ဒေါ်လာ ၆.၄ သန်းကို တေးဂီပညာရှင်ပေါင်း ၈၅၀ဝ အား လှူဒါန်းနိုင်ခဲ့ကြောင်း MusiCares ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

ဒေါ်လီပတ်တန်ရဲ့ သီချင်းတွေထဲက Jolene, Two doors down, 9 to 5, Coat of Many Colors စတဲ့ သီချင်းတွေက မြန်မာပရိတ်သတ်ကြားမှာ ရေးပန်းစားခဲ့ဖူးပါတယ်။ 

 

MDN
ကိုးကား-AFP