ဖနွမ်းပင် ၇ စက်တင်ဘာ
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှာရှိတဲ့ တွားသွားသတ္တဝါလေးတွေရှိတဲ့ ကော်ဖီဆိုင်မှာ မြွေပွေးဖြူ၊ အဝါရောင် မြွေ၊ ဖွတ် တွေနဲ့ ကော်ဖီဆိုင်လာတဲ့သူတွေ နီးနီးကပ်ကပ်ရှိနေနိုင်တာကို တွေ့ရပါတယ်။
ကြောင်လေးတွေရှိတဲ့ ကော်ဖီဆိုင်ယဉ်ကျေးမှုမှာ ကမ္ဘောဒီယားမှာ လူကြိုက်အများဆုံးပြီးဖြစ်ပါတယ်။ ကော်ဖီဆိုင်ပိုင်ရှင် ချီယာရက်တီ က မြွေတို့၊ ပုတ်သင်ညိုလို၊ ဖွတ်လို တိရိစ္ဆာန်လေးတွေကို နားမလည်တဲ့အတွက် လူတွေက မကြိုက်ဘူးဖြစ်နေတာမျိုး၊ ကြောက်တတ်တဲ့ သူတွေကို လူတွေနဲ့ နီးနီးကပ်ကပ်ရှိနေနိုင်အောင် လုပ်တာမျိုးနဲ့ ဖွင့်ဖြစ်တာလို့ ဆိုပါတယ်။ ကော်ဖီဆိုင်ရဲ့ နံရံရှိ မှန်ခန်းထဲမှာ အရောင်အမျိုးစုံ၊ အရွယ်မျိုးစုံရှိတဲ့ မြွေတွေ ထည့်ထားတာကို တွေ့ရပါတယ်။ ဆိုင်ထောင့်မှာ အရောင်အသွးစုံလှတဲ့ ကြက်တူရွေးကြီးကလည်း ရှိနေပါတယ်။
တချို့လူတွေက ဆိုင်ကို လာထိုင်ဖို့ တွန့်ဆုတ်ပေမယ့် တချို့ကတော့ အဲဒီကောင်လေးတွေကို ကိုင်တွယ်ပြီး လာရောက်လေ့ရှိတယ်။ ဆိုင်မှာ ဝင်ကြေးပေးစရာမလိုလို့ ဆိုင်ရှင် ချီယာရက်တီ က ပြောပါတယ်။
ဆိုင်ကို လာထိုင်တဲ့ လူတွေထဲက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်က အရင်က တွားသွားသတ္တဝါအချို့ကို မမြင်ဖူးဘူး၊ သူတို့က လှတယ် ဒါပေမယ့် ကြောက်စရာတော့ ကောင်းတယ်လို့ ဆိုပါတယ်။
တိရိစ္ဆာန်တွေက တောထဲမှာပဲ ထားသင့်တယ်လို့ ဝေဖန်တဲ့သူတွေကို ချီယာရက်တီက ဒီသတ္တဝါလေးတွေက အိမ်မွေးတွေဖြစ်တဲ့အတွက် တောထဲမှာ အသက်မရှင်တတ်ဘူးလို့ ပြန်လည်ချေပထားပါတယ်။
ကော်ဖီဆိုင်တွင်းမှာ ရှိတဲ့ တိရိစ္ဆာန်တွေ အားလုံးက ထိုင်းနိုင်ငံကနေ တင်ပို့ထားတာတွေလို့ သိရပါတယ်။
မြွေနဲ့ပုတ်သင်ညိုတွေကို ကြောက်ကြတဲ့အတွက် ကော်ဖီဆိုင်မှာ ထင်သလောက် လူမလာသေးတာကို တွေ့ရပါတယ်။
MDN
ကိုးကား- AFP