၁၇ တိုကျို
တီဗွီနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်မှုကြောင့် ထင်ရှားလူသိများသူ ဂျပန်မင်းသမီး ကီရင်ကီကီသည် အသက်၇၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။
တိုကျိုမြို့တွင် မွေးဖွားခဲ့သည့် ကီကီသည် တီဗွီရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်ကာ ၁၉၆၄ခုနှစ်တွင် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် Palm d'Or ဆုရရှိခဲ့သူ ဒါရိုက်တာ ဟီရိုကာဇူကိုရီးဒါး ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်သည့် “Shoplifters” တွင် ကီကီမှာ အဓိက ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
၂၀၁၃ခုနှစ်တွင် ကင်ဆာဆဲလ်များ သူမ၏ တစ်ကိုယ်လုံး ပျံ့နှံ့နေခဲ့ကြောင်း ကီကီက ပြောကြားခဲ့သော်လည်း သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
သူမသည် သြဂုတ် ၁၅ရက် နံနက်ပိုင်းတွင် နေအိမ်၌ သေဆုံးခဲ့ကြောင်း သူမနှင့်နီးကပ်သူများက ပြောကြား သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မေဇော်ထက်