ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations-FAO) သည် နှစ်လျှင်တစ်ကြိမ် ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း (Global Forest Resources Assessment) ဆိုင်ရာ အချက်အလက်များ၊ အစီရင်ခံစာများ ထုတ်ပြန်လျက်ရှိပါသည်။

 

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း (Global Forest Resources Assessment 2020 –GFRA 2020)  နိုင်ငံအဆင့် အစီရင်ခံစာများ၊ ဒေသအဆင့် အစီရင်ခံစာများနှင့် ကမ္ဘာလုံးဆိုင်ရာအဆင့် ပင်မအစီရင်ခံစာတို့ကို ဘာသာစကား မျိုးဖြင့် FAO အင်တာနက် စာမျက်နှာမှ ထုတ်ပြန်ခဲ့ပါသည်။

 

အဆိုပါ အစီရင်ခံစာတွင် နိုင်ငံပေါင်း ၂၃၆ နိုင်ငံ၏ သစ်တောသယံဇာတအခြေအနေများ ပါဝင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goals-SDGs) ၏ သစ်တောကဏ္ဍဆိုင်ရာ ပန်းတိုင်ဖြစ်သည့် ပန်းတိုင် ၁၅ (Life on Land) နှင့် စပ်လျဉ်းသည့် အောက်ဖော်ပြပါ အညွှန်းကိန်း ၅ မျိုးကို အဓိကလေ့လာ ဆန်းစစ်ထားခြင်း ဖြစ်ပါသည်

  • သစ်တောဧရိယာများ၏ အသားတင်နှစ်စဉ်ပြောင်းလဲမှု
  • သစ်တောများ၏ မြေပေါ်ပိုင်းဇီဝဒြပ်ထုပမာဏ
  • သစ်တောဧရိယာများမှ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဧရိယာပမာဏ
  • သစ်တောစီမံအုပ်ချုပ်မှု အစီအစဉ်များ ချမှတ်ဆောင်ရွက်ထားသည့် ဧရိယာပမာဏ
  • သစ်တောများစီမံအုပ်ချုပ်မှုဆိုင်ရာ အစီအမံများအပေါ် ထောက်ခံချက်အတည်ပြုပြီးသည့် သစ်တောဧရိယာပမာဏ

 

ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (GFRA 2020) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံစုစုပေါင်းဧရိယာ၏ (၄၂ ဒသမ ၁၉ ရာခိုင်နှုန်း) (နိုင်ငံကုန်းမြေဧရိယာ ၏ ၄၃ ဒသမ ၇၁ ရာခိုင်နှုန်း) ဖြစ်ပြီး မြန်မာနိုင်ငံသည် နှစ်စဉ်အများဆုံး ကမ္ဘာ့သစ်တောပြုန်းတီးမှုဧရိယာ ဖော်ပြသည့်နိုင်ငံစာရင်းတွင် အဆင့်()တွင်ရှိကြောင်း ဖော်ပြပါရှိပါသည်။

 

၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (FRA 2015) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံစုစုပေါင်းဧရိယာ၏ (၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့နှစ်စဉ် သစ်တောပြုန်းတီးမှုအများဆုံး နိုင်ငံစာရင်းတွင် အဆင့်()တွင် ရှိခဲ့ကြောင်း ဖေါ်ပြထားသည်။