နေပြည်တော် ၂၈ စက်တင်ဘာ
ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ သင်တန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ရန်ကုန် ပညာရေးတက္ကသိုလ်၌ ဖွင့်လှစ်သွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးဘွဲ့ စာပေး စာယူသင်တန်းသား ဆရာ၊ ဆရာမများကိုယ်တိုင် တက်ရောက်သင်ယူရမည်ဖြစ်ပြီး အမှတ်စဉ်(၃၇) ပထမနှစ်နှင့် အမှတ်စဉ်(၃၆) ဒုတိယနှစ် သင်တန်းတို့ကို အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကာ သတင်းပို့ရမည့်ရက်မှာ အောက်တိုဘာလ ၂၀ ရက် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)