ရမည်းသင်း ၂၆ စက်တင်ဘာ  

 

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ပြည်သူများကို အသိပညာ ဗဟုသုတ တိုးပွားစေရန် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံကို ဖတ်ရှူ့နိုင်စေရန် စင်တင်၊ စင်ဖွင့်စနစ် ငှားရမ်းပေးခြင်းများပြုလုပ်ခဲ့ပြီး ယင်းစာကြည့်တိုက်မှ စာအုပ်များကို အများဆုံး ငှားရမ်းဖတ်ရှုခဲ့သည့် ရမည်းသင်းမှ သတ္တမတန်းကျောင်းသူတစ်ဦးကို လစဉ် စာငှား၊ စာဖတ် အများဆုံး ဆုကို ယနေ့ နံနက် ၉ နာရီကရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် ခရိုင်ဦးစီးအရာရှိမှ ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ (၉/၂၀၁၈)လ စာငှား၊ စာဖတ် အများဆုံးရရှိသော မြို့မ အခြေခံပညာအထက်တန်းကျောင်း သတ္တမတန်းကျောင်းသူ မဆုရတီမှ ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်တွင် မည်သူမဆို စာကြည့်တိုက်အသင်းဝင်ကို အခမဲ့ ဝင်ရာက်အသင်းဝင်နိုင်ကြောင်း သိရှိရပြီး စာကြည့်တိုက်အသင်းဝင်ကတ်ကို ၂၀၁၇ ခုနှစ်က စတင်ဝင်ရောက်ခဲ့ကာ အသင်းဝင်အမှတ် ၅၄၁၂ ဖြင့် နေ့စဉ် သုတ၊ ရသ စာအုပ်များကို ငှားရာမ်းဖြတ်ရှူနိုင်ခြင်းကြောင့် အသိပညာဗဟုသုတများရရှိပြီး နေ့စဉ် အားလပ်ချိန်များတွင် စာပေဖတ်ရှူ့ခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း မိမိကဲ့သို့ စာများများဖတ်ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးကောင်းများမှ အသိပညာများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောသည်။

 

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆ့ရေးဦးစီးဌာနရုံးတွင် ဒေသရှိရှေးဟောင်းပစ္စည်းများကို ပြတိုက်ငယ်အဖြစ်ပြသထားပြီး၊ ကလေးစာဖတ်ခန်း၊ ပြည်သူအခြေပြု  Community  Centre ခန်းမ ဖွင့်လှစ်ကာ စာပေစကားဝိုင်း ဆွေးနွေးပွဲများ၊ စစ်တုရင်ပြိုင်ပွဲ၊ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပပေးခြင်း၊ အမျိုးသမီးများ မိသားစု အပိုဝင်ငွေများ ရရှိစေရန် အိမ်တွင်းမှု ဆပ်ပြာဆီ ထုတ်လုပ်နည်းသင်တန်း၊ ပန်းအလှပြင်သင်တန်း၊ ဖန်ဆီအလှထိုးနည်းသင်တန်း၊ မုန့်လုပ်နည်းသင်တန်းနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် အခြေခံ ကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းများကို အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်ဝင်းအောင်