လက်ပံတန်း ၁၆  အောက်တိုဘာ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (အသုံးလုံး)  စာသင်ဝိုင်း ဖွင့်ပွဲအခမ်းအနားများကို လက်ပံတန်းမြို့ နယ် မြေအသီးသီး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်လျက်ရှိရာ မအူကုန်ရပ်ကွက်တွင် ကံကြီးလမ်းရှိ ဘားကူးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာသင်ဝိုင်းတွင် သင်တန်းသူ(၁၀) ဦး ဖြင့်နေ့စဉ် မွန်းလွဲ ၁နာရီမှ ၄ နာရီ အထိ တစ်နေ့(၃) နာရီနှုန်းဖြင့် အောက်တိုဘာ ၁၆ ရက်မှ ၂၄ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရသည်၊ 

လက်ပံတန်းမြို့နယ်တွင် စာသင်ဝိုင်း(၁၀) ဝိုင်းနှင့် သင်တန်းသားသင်တန်းသူ (၇၉) ဦးဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (အသုံးလုံး) စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်