ကော့ကရိတ်  ၁  သြဂုတ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့အရောင်း ဆိုင်များ၌ တားမြစ်ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ထားသောဥပဒေများ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးနှင့် ပူးပေါင်းအဖွဲ့က ကော့ကရိတ်မြို့တွင် အရောင်းဆိုင်()ဆိုင်နှင့် ကျုံဒိုးမြို့တွင် အရောင်းဆိုင် ()ဆိုင်တို့အား မျိုး​​စေ့ထုတ်များရောင်းချရာ၌ သက်တမ်းလွန်မျိုးစေ့ထုတ်များရောင်းချခြင်းမပြုရေး၊မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ မျိုးစေ့ဥပဒေ စသည့် ထုတ်ပြန်ထားသည့် ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။

 

ကော့ကရိတ်မြို့နယ်တွင် ဓာတ်မြေသြဇာ အရောင်းဆိုင် (၂၂)ဆိုင်၊ ပိုးသတ်ဆေးအရောင်းဆိုင် (၁၂)ဆိုင်၊ မျိုးစေ့၊ ပျိုးပင် အရောင်းဆိုင် ()ဆိုင်ရှိပြီး စစ်ဆေးရန်ကျန်ရှိသော အရောင်းဆိုင်များကို ဆက်လက်စစ်​​ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ခင်မျိုးဝင်း(​ကော့ကရိတ် ပြန်/ဆက်)