နေပြည်တော် ၁၈ ဇန်နဝါရီ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener သည် ယနေ့ည ၇ နာရီခွဲတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
(သတင်းစဉ်)