မန္တလေး ၁၉ ဇန်နဝါရီ
အဘိဓမ္မာဆရာကြီးဟန် တည်ထောင်ခဲ့သော ဆုထူးပန်အဘိဓမ္မာအသင်း (မန္တလေး) သည် ဖေဖော်ဝါရီ ၂ ရက်နေ့မှစ၍ အဘိဓမ္မာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲကို မန္တလေးတောင် အရှေ့ဘက်ရှိ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၏ ရုံးခန်းမတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သွားသည်။
အဆိုပါဆွေးနွေးပွဲသို့ ဆုထူးပန်အဘိဓမ္မာအသင်း (မန္တလေး)၏ နာယကကြီးများဖြစ်ကြသော ဗိုလ်ချုပ်ရန်သိမ်း (မန္တလေးမြို့တော်ဝန်ငြိမ်း)နှင့် ဇနီးဒေါ်ယဉ်ယဉ်ရွှေ၊ ပါမောက္ခဒေါက်တာ ဒေါ်စန်းရီ (မန္တလေးဆေးတက္ကသိုလ်)၊ ပါမောက္ခ ဒေါက်တာလွင်ကို (တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ်ငြိမ်း) နှင့် ဇနီး ဒေါ်ခင်သိန်းဝင်း၊ ဆရာကြီးဦးလှဘော်၊ ဆရာကြီးဦးအောင်သန်းမြင့် (ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးငြိမ်း)၊ ဆုထူးပန်အဘိဓမ္မာအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးစိုးဝင်း (ပညာရေးမှူး ငြိမ်း)၊ ဒုဥက္ကဋ္ဌ္ ဦးမျိုးအောင် (အင်ဂျင်နီယာ)၊ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်စန်းရီ (တိုင်းရင်းသားဒီဂရီကောလိပ် ပါမောက္ခငြိမ်း) တို့နှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲက အဘိဓမ္မာသင်တန်းကို အရည်အချင်းပြည့်ဝသော ဝါရင့်ဆရာကြီး ဆရာမကြီး ရှစ်ဦးတို့နှင့် သင်တန်းသားများကို ၂၀၁၉ ဖော်ဖော်ဝါရီ ၂ ရက်နေ့မှ စတင်သင်ကြားပေးသွားရန်၊ ဝိသုဒ္ဓိမဂ် ကို ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ လမ်း ၈၀ တွင်ရှိသော ဓမ္မဗိမာန်တော်တွင် နေ့ ၁၂ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်ထိ၊ အဘိဓမ္မာဂုဏ်ထူးဆောင်ကို ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ ၈၄ လမ်းတွင်ရှိသော ရှင်ဘို့မယ် ဘုရားဓမ္မရုံတွင် နံနက် ၉ နာရီမှ နေ့ ၁၂ နာရီထိ၊ အဘိဓမ္မာရိုးရိုးကို ရှင်ဘို့မယ်ဘုရားဓမ္မာရုံတွင် နေ့ ၁ နာရီ မှ ညနေ ၄ နာရီထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး အဆိုပါသင်တန်းကို မည်သူမဆို အခမဲ့တက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။
ခင်ခင်ဝင်း (ပညာရေး)