ဝိုင်းမော်  ၆ ဩဂုတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်ငါးလုပ်ငန်းစခန်းရုံး၊ သင်တန်းခန်းမတွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဝင်းညွန့်မှ အဖွင့်မှာစကားပြောကြားသည်။ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက အမှာစကားပြောကြားသည်။ ၎င်းနောက် ကချင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဝင်းမြင့်စောမှ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

အခြေခံငါးမွေးမြူရေး သင်တန်းနှင့် ငါးဆေးထိုးသားဖောက်သင်တန်းကို ဩဂုတ် ၅  ရက်နေ့မှ ၇  ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးညှင်းမြို့နယ်တို့မှ ငါးမွေးတောင်သူများ တက်ရောက်ကြောင်း သိရသည်။

MDN