မြို့သစ် ၁၉ ဇန်နဝါရီ

 

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ၊ ကာယဉာဏပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများကို ယမန်နေ့နံနက်  ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိဇွန်က ပြိုင်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများအား ရှင်းလင်းခြင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အကျဉ်းချုပ်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူလေးများအား ကဗျာဆရာဦးသန်းဦး၊ ပန်းချီးဆရာ ဦးတင်မောင်ဝင်းတို့က ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရာတွင် သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများအား ပြိုင်ပွဲဝင်များနှင့် တက်ရောက်လာသော ဆရာ/မများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါပြိုင်ပွဲအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများ၊ အမှတ်(၂) အခြေခံအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများ၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူလေးများ စုစုပေါင်း (၄၂)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

 

ဆက်လက်၍ ( ၇၂ )နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ၊  ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်ဦးစီးမှူးနှင့် အကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာ/ဆရာမ များက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းအိဇွန်(ပြန်/ဆက်)

 

IMG_2019