ရွှေကျင် ၁၉ ဇန်နဝါရီ   

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၈)ရပ်ကွက်နှင့် (၁၀)ရပ်ကွက်ရှိ ဥက္ကံဘုရားကြီးမဏ္ဍိုင် ပရိယတ္တိစာသင်တိုက်၌ ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်ထိ (၉၉) ကြိမ်မြောက် ရွှေကျင်နိကာယဝိနယဓမ္မဝိနည်းစာပြန်ပွဲ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ အာဂုံ ပြန်ဆိုပွဲတွင် ရဟန်းတော်များနှင့်ရှင်သာမဏေ စုစုပေါင်းသံဃာတော် ၈၇ ပါး ဝင်ရောက်ပြန်ဆိုကြပြီး စာပြန်ပွဲကျင်းပလာသည်မှာ ၉၉ နှစ်ရှိပြီဖြစ်ရာ ကျောင်းတိုက်၏ ဦးစီပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတကဦးဆောင်၍ မြို့နယ်ရွှေကျင်ဂိုဏ်းမ မြို့နယ်သံဃနာယက အဖွဲ့ဝင်များက ကြီးကြပ်ကာ ကျင်းပခြင်းဖြစ်ကြောင်း၊ စာပြန်ပွဲသို့ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ခရမ်း၊ သန်လျင်၊ သာကေတ၊ ဒလ၊ ပဲခူးမြို့နယ်တို့မှ သံဃာတော်များလာရောက်၍ စာတော်များအာဂုံပြန်ဆို  ကြကြောင်း အကျိုးတော်ဆောင်တစ်ဦး ပြောကြားချက်အရ သိရသည်။

 

စာပြန်ပွဲကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိကျင်းပပြီး မြို့တွင်းသို့ နံနက် ၇ နာရီတွင် ဆွမ်းဆန်စိမ်း အလှူခံ လေးရက်ကြွရောက်မည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN