မိုးမောက် ၁၉ ဇန်နဝါရီ
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဇန်န ဝါရီ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ်မှ မြို့နယ်/ရပ်ကွက်/ကျေးရွာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ် ဥပဒေချုပ်ဦးဒီဆင်ရမ်မှမူးယစ် ဆေးဝါးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး မြို့/ရွာ၊ ပြည်နယ် ၊နိုင်ငံတွင်း တရားမဝင် မူး ယစ်ဆေးဝါး ရောင်းဝယ်မှု တာဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ များကို ကုသခြင်းနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြောင်း အကျယ်တဝန့် ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်မှ မြို့နယ်တွင်းဖမ်းဆီးရမိသော မူးယစ်အမှုနှင့်မူးယစ်ဆေး ဂရမ်များကို တင်ပြသည်။
ဆက်လက်၍ မြို့သစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးက မိုးမောက်မြို့နယ်တွင် ဘိန်းဖြတ်စခန်း ဖွင့်လှစ်ပေးပါရန်တင်ပြသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ် ဥပဒေချုပ်မှ ကျေးရွာနှင့် မြို့နယ်များတွင် ဘိန်းဖြတ်စခန်းများ ဖွင့်လှစ်နိုင်ရေးကြိုပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ရပ်ကွက်/ကျေးရွာအတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲသူ စာရင်းကိုကောက်ယူထားရန်နှင့် တာဝန်ရှိသူများသို့ လျှို့ဝှက်ပေးပို့ထားရန်မှာကြားပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပြည်သူတစ်ရပ်လုံးနှင့် တာဝန်ရှိသူများက အဂ္ဂတိလိုက်စားမှုအရှိဘဲ ယခင်ကထက်ပိုမိုဆောင်ရွက်ရန် ထပ်ဆင့်မှာကြားသည်။ မွန်းလွဲ ၁ နာရီတွင် အခမ်းအနားပြီမြောက်ခဲ့သည်။
MDN