၁၈ စက်တင်ဘာ
FILMHOUSE ရုပ်ရှင်ထုတ်လုပ်ရေးမှစီစဉ်၍ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးထားသည့် ၂၄နာရီ၁ချစ် အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့်စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာတစ်ပြည်လုံးတွင် ရုံတင်ပြသမည်ဟု သိရသည် ။
အဆိုပါ ဇာတ်ကားတွင် အောင်ရဲလင်း ၊ ရာဇာနေဝင်း ၊ ဒိန်းဒေါင် ၊ မိုဟေကို ၊အေးမြတ်သူနှင့် အနုပညာရှင် များစွာပါဝင်ထားကြောင်းသိရသည် ။
အောင်ရဲလင်း
၂၄နာရီ၁ချစ်-ရုပ်ရှင်ဇာတ်ကားကြီးက ၂၄နာရီလုံးကို အချိန်တွေ မှတ်မှတ်ပြီးတော့ ရည်စားစာပေးတဲ့ကားလေးပါ။ကြည့်မဲ့ပရိတသ်တွေ ကြိုက်မဲ့ကားလေး တစ်ကားပါ။ရပ်ကွက်ထဲမှာ ခေတ်လူငယ်ပီပီ ပျော်ပျော်နေ တတ်တယ်။ပြီးတော့ အမြဲဗရုတ်လိုက်ကျနေတတ်တဲ့ လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ကျွန်တော်ကို တွေ့မြင်ရမှာပါ။ ကျွန်တော်ကားတွေကို ပေါတဲ့ကားတွေဆိုရင် မရိုက်ပါဘူး။ အတည်ကာရိုက်တာပဲ ရိုက်ချင် တဲ့အတွက် ဒါရိုက်တာတွေကို ပြောပါတယ်။ ကျွန်တော် လုပ်လိုက်တဲ့အရာက ပရိသတ်တွေ ရယ်တဲ့ဟာမျိူးပဲ ဖြစ်စေချင်ပါတယ်။ကျွန်တော်ကိုယ်တိုင် အရမ်းကြီး လှုပ်ပြတာတွေပြူးပြ ပြဲပြတဲ့ဟာမျိုးဆိုရင် ကျွန်တော် မရိုက်ဖြစ်ပါဘူး။၂၄ နာရီ ၁ချစ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ထူးဆန်းတဲ့ စကားလုံးလေးတွေပါမှာပါ။
ကြည့်တဲ့ ပရိသတ်တွေ ကိုယ်တိုင်ကြည့်ရင် သိမှာပါ။ဇာတ်ကားထဲကလိုတော့ အပြင်မှာတော့ လူလည်ကျ တာမျိုးတော့ ရှိမှာပါ။အခု ကျွန်တော်ရဲ့ အချစ်ရေးကတော့ အေးဆေးပါ ဘာမှပြောစရာမရှိပါဘူး။ကျွန်တော်ရဲ့ အချစ်နဲ့ ပါတ်သတ်တဲ့ ခံယူချက်ကတော့ မိန်းကလေးတစ်ယောက်ကို သူကျွန်တော်ကို ချစ်ဖို့လိုသလို ကျွန်တော်ကလည်း သူကိုချစ်ဖို့လိုပါတယ်။နောက်တစ်ခုက ဆင်းရဲချမ်းသာမှုက အရေးမကြီးပါဘူး။ကိုယ့်ကို ချစ်ဖို့သာ အရေးကြီးတာပါ။အချစ်ကို အချစ်နဲ့ဘဲ ထပ်တူကျစေချင်ပါတယ်။
ဒိန်းဒေါင်
အင်တာနက် ဆိုင်ဖွင့်ထားပြီး သူငယ်ချင်းဖြစ်သူနဲ့ ရပ်ကွက်ထဲကလူတွေကို နောက်ပြောင်ပြီး ဗရုတ်ကျလွန်းလို့ ရပ်ကွက်လူကြီးရဲ့ အမြဲ မျက်စိဒေါက်ထောက်ကြည့်ခံနေရ အောင်ရဲလင်းရဲ့ သူငယ်ချင်း မှတ်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။အဲမှာ ကျွန်တော်က ကောင်မလေး ငယ်ကယ်လေးတွေကိုဘဲ ကြိုက်တဲ့သူ တစ်ယောက်ပေါ့။ဒီကားလေးထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ အွန်လိုင်း အင်တာနက်အကြောင်းလေးတွေပါမယ်။ ပြီးတော့ ဒီကားလေးရိုက်ထားတာ နှစ်နှစ်ကျော်ကြာနေပေမဲ့ က်ုဇော်ထည့်ထားတဲ့ အွန်လိုင်းနဲ့ပါတ်သတ်တဲ့ Message လေးက အခုခေတ်မှာဖြစ်ပျက်နေတာနဲ့ ကွက်တိကျသွားတာတယ်။ဒီကားလေးကို ပရိသတ်တွေ လာရောက်ကြည့်ရှု အားပေးစေချင်ပါတယ်။
မိုးဟေကို
ရပ်ကွက်ထဲက အရှုပ်အရှင်းတွေနဲ့တတ်နိုင်သမျှ ကင်းအောင်နေတတ်တဲ့ ကောင်မလေးပေါ့ ဒီကားလေးက အချစ်ဟာသကားလေးလည်းဖြစ်တယ်။ကိုယ်တိုင်လည်း အရယ်သန်တော့ ဟာသကားလေးတွေ ကြိုက် တယ်။နောက်ပြီးတော့ ဒီကားလေးက ဒါရိုက်တာကိုဇော်ရိုက်တာဆိုတော့ ဟာသပလော့လေးတွေကလည်း အရမ်းရယ်ရမှာပါ။အဲတော့ အဲကားလေး ရိုက်တုန်းကဆိုရင် ကိုယ်မပါတဲ့အခန်းကိုတောင်မှ သွားထိုင်ပြီးတော့ ကြည့်ဖြစ်ပါတယ်။အမှတ်တရဖြစ်တဲ့အခန်းကတော့ အဲကားထဲမှာ ပါတဲ့ ရဲလိုက်ဖမ်းတဲ့ အခန်းဆိုရင်တော်တော် ရယ်ရတာပါ။အပြင်မှာလည်း ရိုက်ရတာဆိုတော့ ကားအသွားအလာကိုလည်း ချိန်ရပြီး ကင်မရာကို ဖျောက်ပြီး ဟိုဖက် ပလက်ဖောင်းအပေါ်မှာ ရိုက်ရတာဖြစ်တဲ့အတွက် သူတို့လုပ်တာကို ကြည့်ပြီး ကိုယ်ကရယ်မိသွားတော့ တစ်ခါပြန်ရိုက်ရတာ ပြီးတော့ တကယ်ထင်ပြီးတော့ ရဲကားတွေလည်း ရောက်လာတယ်။အဲ့တော့ ကိုယ်က ရယ်ချင်တဲ့စိတ်ကို ထိန်းပြီးတော့ မြို့လယ်ခေါင်မှာ ရိုက်ခဲ့ရတာ အဲဒါက အမှတ်တရပါဘဲ။အဲကားက ပရိ သတ်ကြီးအတွက် အချစ်ဟာသ ရသနှစ်ခုစလုံးပေးမဲ့ကားကြီးပါ။၂၄ နာရီ ၁ချစ် ဇာတ်ကားကြီး ကားလေး ရုံတင်ရင် လာကြည့်ကြပါဦးလို့ ပြောချင်ပါတယ်။
အေးမြတ်သူ
ဒီကားလေးက အချစ်ဟာသဇာတ်ကားလေးပါ ။ပြီးတော့ ဒီကားလေးက ရိုက်ထားတာလည်း ကြာပါပြီ။ အဲကားလေးထဲမှာ ရပ်ကွက်ထဲက အပျိုကြီးပေါ့ ။ပြီးတော့ သူက ရပ်ကွက်ထဲမှာ ရည်းစားရှိတယ်လို့သာ ပြောတယ်။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူးပေါ့။အရမ်းစိတ်ကူးယဉ်တတ်ပြီး တကယ်မရှိတဲ့ရည်းစားကို ရှိသလို စိတ်ကူးယဉ်ပုံဖော်နေတတ်တဲ့ အပျိုကြီးဝါဝါချို ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ကိုရဲ့ ရည်းစားဆိုပြီးတော့ နယ်နယ်ရရမရှိဘဲ ရည်းစားက နိုင်ငံခြားမှလိုလို ဒီနိုင်ငံမှာလိုလို ရှိတယ်ဆိုပြီးတော့ ရပ်ကွက်ထဲမှာ ပြောနေပြီး ရည်းစားကို အမွန်းတင်နေတဲ့ အပျိုကြီးပေါ့။အပျိုကြီးလိုပေါ့။မမိုးနဲ့ ကိုအောင်ရဲလင်း ကတော့ အချစ်ဘက်ကိုသွားတယ်။အေးမြတ်သူတို့ကတော့ ဟာသအပိုင်းဘက်ပေါ့။ဒီကားက မှတ်မှတ်ရရ အေး မြတ်သူ ၂၀၁၅ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားကြီး စရိုက်ဖြစ်တဲ့ ဇာတ်ကား ပြန်လုပ်ခွင့်ရတဲ့ ဇာတ်ကားကြီးပါ။ ပရိသတ်တွေ အနေနဲ့ လာရောက်အားပေးစေချင်ပါတယ်။
ကိုလင်း