အင်းတော် ၁၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့မစည်ပင်သာယာ ဈေးအတွင်း/ အပြင်ရှိကုန်စုံဆိုင်၊ သားငါးဆိုင်၊ ဆေးဆိုင်များ စုစုပေါင်း ၁၇ ဆိုင်အား ထွေအုပ် ၊ FDA ၊ DOCA စားသုံးသူရေးရာဦးစီးဌာန၊ မြန်နိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်သာယာကော်မတီပူးပေါင်းဌာနများမှ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက တားမြစ်စားသောက်ကုန်များ ရက်လွန်ကုန်ပစ္စည်းများ၊အိမ်သုံးဆေးများ ရောင်းချမှု ရှိမရှိစစ်ဆေးကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာ ရက်လွန်အချိုရည်များ ရက်လွန် ငါးပိထောင်းများ တွေ့ရှိရပြီး ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့သည်။ ပူးပေါင်းအဖွဲ့မှ ဈေးဆိုင်များကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး စားသုံးသူများအန္တရာယ် ကင်းရှင်းစေရေးအတွက် ထုတ်လုပ်သူ၊ ရောင်းချသူများက ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်ပါကြောင်း သိမ်းဆည်းပစ္စည်းများကို ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တင်ပြပြီး လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အင်းတော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးမှူး ဦးကြည်နိုင်ဦး ကပြောသည်။
လူအောင်
