မန္တလေး ၂၄ စက်တင်ဘာ
ရန်ကုန်မြို့မှ ပန်းချီဆရာကြီးဦးရဲမြင့်၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ Mandalay Hill Art Gallery တွင်ကျင်းပရာ မန္တလေးပန်းချီပညာရှင်များ အသင်းနာယကနှင့် ပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပန်းချီပညာအထူးပြု ကျောင်းသားကျောင်းသူများ၊ မန္တလေး ပန်းချီပန်းပုကျောင်းမှ ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှု အားပေးကြသည်။
ရှေ့သို့ဂျာနယ်တွင် သရုပ်ဖော်ပန်းချီများ ရေးသားခဲ့သူဖြစ်၍ ရှေ့သို့ရဲမြင့်ဟု လူသိများပြီး ဆုပေါင်း ၄၀ ကျော်ရရှိကာ ပြပွဲပေါင်း ၂၀ဝ ကျော်တွင် ပါဝင်ပြသခဲ့သည်။ ပြပွဲတွင် ရေဆေးဆီဆေး ပန်းချီကား ၈၀ ကျော် ပါဝင်ပြသထားကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)