ချင်းရွှေဟော်  ၁၁   ဩဂုတ်

 

လောက်ကိုင်ခရိုင်၊  ချင်းရွှေဟော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရှိ  ပြည်သူ့ စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို  ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ  နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင်  ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ရောဂါ ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ၊ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၏ရောဂါကာကွယ်ရေ: အသိပညာပေး နှိုးဆော်ချက်များနှင့် အခြားကျန်းမာရေးဆိုင်ရာ   အသိပညာပေး သုတ/ရသစာအုပ်များ ပါဝင်ပြသ ထားကြောင်း သိရသည်။

 

ထိုသို့ ပြည်သူ့စာကြည့်တိုက်၌ ပြသထားသည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှု့ခဲ့ကြသည့် ပြည်သူများနှင့် ကျောင်းသား/သူများကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေ:ဉီးစီးဌာန၊ ဝန်ထမ်းများက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး  အဆိုပါပြပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)

ချင်းရွှေဟော်