ချင်းရွှေဟော် ၁၁ ဩဂုတ်
လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနရှိ ပြည်သူ့ စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ၊ ရောဂါ ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ၊ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၏ရောဂါကာကွယ်ရေ: အသိပညာပေး နှိုးဆော်ချက်များနှင့် အခြားကျန်းမာရေးဆိုင်ရာ အသိပညာပေး သုတ/ရသစာအုပ်များ ပါဝင်ပြသ ထားကြောင်း သိရသည်။
ထိုသို့ ပြည်သူ့စာကြည့်တိုက်၌ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှု့ခဲ့ကြသည့် ပြည်သူများနှင့် ကျောင်းသား/သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေ:ဉီးစီးဌာန၊ ဝန်ထမ်းများက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အဆိုပါပြပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)
ချင်းရွှေဟော်