ရန်ကုန် ၂၈ စက်တင်ဘာ
အမေရိကန်ဒါရိုက်တာ Deniel Zirilli ရိုက်ကူးသည့် Invincible ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားတွင် Casting အတွက် Audition ဝင်ရာမှ ရွေးချယ်ခံရပြီး ခေါင်းဆောင်မင်းသမီး အဖြစ် မေမြတ်နိုးမှ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
"အဓိကသူတို့စကားပြောတဲ့ ပုံစံတွေကိုကြည့်တယ်။ မျက်နှာအနေအထားတွေကိုကြည့်တယ်။ ပြီးရင် သရုပ်ဆောင်ပြရတယ်။ ထိုင်းကလူကိုပဲခေါ်မယ်စဉ်းစားထားပေမယ့် မြတ်နိုးကိုတွေ့တော့ အရမ်းသဘောကျပြီး ရွေးဖြစ်သွားတာပါ။ ထိုင်းမင်းသမီးတွေပါတယ်။ မြန်မာက မြတ်နိုးတစ်ယောက်ထဲပဲပါတာ။ မြတ်နိုးနဲ့ တွဲဖက်သရုပ်ဆောင်ရမယ့် မင်းသားက Fast & Furious 1 မှာ Leon အဖြစ်သ ရုပ်ဆောင်ခဲ့တဲ့ Johnny Storng ပါ။ အခုလိုရိုက်ရတာရွေးခံရတာ အရမ်းဝမ်းသာတယ်။ မြတ်နိုးအခွင့်အရေးလေးရတာပေါ့။ နိုင်ငံခြားကလူတွေနဲ့ အင်္ဂလိပ်စကားပြောပြီး သရုပ်ဆောင်ရတာကိုပျော်တယ်။ အခွင့်အရေးပေးတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်။
ထိုင်းတွေနဲ့ပြိုင်တာကို မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မင်းသားကလည်း အများကြီးကူညီပေးတယ်။ အင်္ဂလိပ်လိုပဲတောက်လျှောက်ပြောရတာဆိုတော့ အရမ်းအဆင်ပြေပါတယ်။ ကိုယ်တိုင်လည်း သရုပ်ဆောင်ဖူး တဲ့သူဖြစ်တဲ့အတွက် သရုပ်ဆောင်တာနဲ့ပတ်သက်တာက အခက်အခဲမရှိဘူး။ သူတို့ ကတော့ကြောက်နေမှာစိုးတာပါ။ အဆင်ပြေပါတယ်။ ထုတ်လုပ်ရေးကတော့ ဘန်ကောက်ကပါ။ သူတို့တွေနဲ့ကြော်ငြာရိုက်တွေ အများကြီးရိုက်ဖူးတဲ့အတွက် အဆင်ပြေပါတယ်။ ဇာတ်က အက်ရှင်ဒရာမာ အမျိုးအစားပါ"ဟု ပြောသည်။
ကိုလင်း