ရန်ကုန် ၂၈ စက်တင်ဘာ 

 

ဆတ်သေချောင်း ဇာတ်ကားကြီးထဲတွင် လူဆိုး ၊ လူရမ်း တစ်ယောက်အဖြစ်နှင့် စိုးမြတ်သူဇာ၏ သားကြီး တစ်ယောက်အဖြစ်ပါဝင်မည့် သရုပ်ဆောင် အောင်ရဲလင်း အနေဖြင့် မကြာမီ ပရိသတ်များအတွက် သူ၏ အနုပညာဖန်တီးမှုအချို့ကို ယခင်ကထက်ပိုမို မြင်တွေ့နိုင်မည်ဟု သိရသည် ။

 

“ဒီနှစ်ထဲမှာရိုက်ကူးဖို့ ပျက်သွားတဲ့ ဇာတ်ကားကလည်း ၃၊ ၄ ကားလောက်ရှိတယ်။ အကြောင်းတရားတွေ အမျိုးမျိုးတွေကြောင့် ဖြစ်သွားတာပါ။ ဘယ်သူ့ကိုမှလည်း ဘာမှပြောလို့မရဘူး။ အခုဒီဇာတ်ကားမတိုင်ခင်မှာ တရုတ်ပြည်မှာသွားရောက် ရိုက်ကူးရမယ့် ဇာတ် ကားတစ်ကား ရိုက်ကူးဖို့ ပျက်သွားတယ်။ ပြီးတော့ Boxing ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ်။ အခုဒီဇာတ်ကားဆိုရင်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်လို့လည်း သိရတယ်။ ဒီဇာတ်ကားလေးကို ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတယ်။

 

ကျွန်တော်ဒီကြားထဲမှာတော့ ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်နေပါတယ်။ တုတ်နဲ့ချတာသင်တယ်။ ပြီးတော့ ကျွန်တော်တို့ မြင်းစီးတာ တွေသင်တယ်။ ပြေးတာတွေသင်ရတယ်။ ဒီဇာတ်ကားထဲမှာ ဆတ်ကို လိုက်ရမှာဖြစ်တဲ့အတွက် တကယ့်ကို ပုံစံကျပြီး ဆိုဒ်ကျအောင် ပြေးတဲ့နည်းတွေကို ပြေးခုန်ပစ်က ဆရာတွေနဲ့လည်းသင်တယ်။ အများကြီးပါပဲ။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတာ ကျွန်တော့်အတွက် တစ်လလောက်ကြာတယ်ဆိုတော့ ဇာတ်ကားထွက်ရှိလာတဲ့အခါ ကျရင်တော့ ထူးခြားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဓိကကတော့ ဒီဇာတ်ကားလေးကို ပါဝင်ရိုက်ကူးဖြစ်တာကလည်း ကွန်မြူနစ်က ကျွန်တော့်ကို ဆွဲဆောင်တဲ့အတွက်ပါ။ ပထမဦးဆုံးအကြိမ် ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ရိုက်ကူးတဲ့ အချိန်ကျရင်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ ကျွန်တော် ကိုဝင်းထွန်းထွန်းနဲ့လည်း တိုင်ပင်တယ်။ ပြီးတော့ ကာရိုက်တာကို ဘယ်လိုမုဒ်သွင်း ထားရမလဲ၊ ဘယ်လိုမုဒ်တွေနဲ့ ပြင်ဆင်ထားရမလဲဆိုတာ ဒါရိုက်တာကို ကျွန်တော်မေးပါတယ်။ ကွန်မြူနစ်ရုပ်ရှင်ဇာတ်ကားတွေလည်း ကြည့်ရှုထားပါတယ်”လို့ ပြောသည်။

 

ကိုလင်း