မယ်စဲ့ ၁၂ ဩဂုတ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ဩဂုတ်လဒုတိယပတ်တွင် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင် အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာရီနာ ဦးဆောင်၍ သားဖွားဆရာမ ဒေါ်နန်းထွေးခမ်းနှင့် ဒေါ်နီနီအောင်ထွေးတို့က ကလေးငယ်များ ကြက်မျက်သင့်ရောဂါ မဖြစ်ပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်စေရန်၊ အမြင်အာရုံကောင်းစေပြီး မျက်ကြည်လွှာကို အားပေး စေရန်နှင့် ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကိုယ်ခန္ဓာစွမ်းအားကို မြှင့်တင်ပေးနိုင်ရန်အတွက် အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗိုက်တာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ လက်မောင်းပတ်တိုင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ယင်းအစီအစဉ်ကို (၆)လတစ်ကြိမ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)