၉ အောက်တိုဘာ 

 

၇ နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် အနုပညာရှင် (၁၀၀) ကျော်ဖြင့် ဝတ်စုံပေါင်း(၃၀၀) နီးပါးပါဝင်သော Aroma 7 Anverst     Fashion ပွဲကို လာမည့် အောက်တိုဘာ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့နယ်ရှိ  ဂန္ထမာဟိုးဆေးတွင် ကျင်းပပြုလုပ်သွားမည်ဟုသိရသည်။

 

"ဟုတ်ကဲ့ ဒီပွဲက ကျွန်တော်တို့ Aroma ရဲ့ သီးသန့် ပွဲဆိုလည်း မမှားပါဘူး၊ ဘာကြောင့်လည်းဆို ကျွန်တော်တို့ Aroma ကို တည်ထောင်လာတာ (၇) နှစ်ပြည့်ပြီလေ၊ ဒီလိုပြည့်မြောက်ပြီး ယနေ့တိုင်ရပ်တည်နိုင်တာကလည်း၊ မီဒီယာတွေနဲ့ အနုပညာရှင်တွေကြောင့်ရယ်၊ ဧည့်သည်တွေကြောင့်ပါဘဲ၊ အခုတော့ (၇) နှစ်ပြည့်ခဲ့ပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ တစ်နှစ်နဲ့တစ်နှစ် မတူအောင် ဖန်တီးခဲ့တဲ့ ဝတ်စုံတွေကို ဒီနှစ်ဒီပွဲမှာလည်း အနုပညာဆန်တဲ့ ဖန်တီးမှုတွေနဲ့ မတူညီတဲ့ ပုံလေးတွေ ထပ်တွေ့ခံစားရအောင် အကောင်းဆုံး ကြိုးစားထားပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ Aroma ရဲ့ ခေတ်စားမယ့် ကာလာလေးပေါ့နော် အဲ့ကာလာနဲ့ ချုပ်ထားတဲ့ ဝတ်စုံလေးတွေပါလာမယ်၊  ပြီးတော့ ဝတ်စုံပိုင်းဆိုလည်း "ဟိုင်း" ဆန်တဲ့ ပုံစံလေးတွေ ချုပ်ထားတယ် ၊ ခရစ်စတယ်လေးတွေနဲ့  အလှဖန်တီးထားတဲ့ ဝတ်စုံတွေလည်း ပါမယ်ဗျာ့ ၊ အစုံတိုင်းအစုံတိုင်းကတော့ အားလုံးခေါင်ထည်ကြီးတွေပါဘဲ၊ အိမ်ပြည့် တစ်ထည်မှာ မပါပါဘူး၊ ဝတ်စုံတိုင်းရဲ့ တန်ဖိုးကလည်း  တန်ဖိုးကြီးမားသလို ၊ ခမ်းနားထည်ဝါတဲ့ ပုံစံမျိုးကို လာကြည့်တဲ့သူတွေ မြင်တွေ့ရမှာပါ၊ လာရောက်တဲ့ သူတွေထဲမှာ မင်္ဂလာဆောင်မယ့် မောင်မယ်တွေ ပါဝင်လာရင် ၄၅ ရာခိုင်နှုန်း အထိ ဈေးလျှော့မယ် အထူးအစီအစဉ်တွေလည်း ပါဝင်သွားအုံးမှာပါ၊ ပထမဆုံးလာတဲ့ စုတွဲ (၅၀) ကို (၅) သိန်းတန် လက်ဆောင်တွေ ပေးဖို့လည်း ရှိပါတယ်" ဟု ကိုအောင်မြတ်သူ  (Aroma Weeding Studio & Make Up ) က ပြောကြားခဲ့သည်။

 

အဆိုပါ ပွဲတွင် သရုပ်ဆောင်ပွင့်  ကိုယ်တိုင်သီဆိုထားသော "အကိတ်" ဟု အမည်ပေးထားသည့် ၊ တေးသီချင်း နှင့်အတူ  ဟာသပုံစံနှော၍လည်းကောင်း ၊ အဆိုတော် စိန်လင်း (Aroma) ကိုယ်တိုင် သီဆိုထားသော Aroma  ဆိုင်အတွက် တေးသီချင်းကိုလည်း အကပညာရှင်များနှင့် တင်ဆက်မည်းဖြစ်ကြောင်း၊ အဆိုတော် မေဆွိ၊ ကော်နီ၊  ဆုပန်ထွာ၊ ရတနာမိုင် နှင့်အဆိုတော်များစွာ ပါဝင်သီဆို ဖျော်ဖြေမှုများလည်း ပါဝင်သွားမည်ဟု သိရရှိရသည်။

 

ကိုလင်း