ကျိုက်ဒံ ၁၃ ဩဂုတ်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဩဂုတ်လ ၁၃ ရက် နံနက် ၇ နာရီက ကျိုက်ဒုံမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာများသို့ ကွင်းဆင်း၍ ကျွဲ၊ နွား၊ ဝက်ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံ ဦးစောပန်းစိန်မှ စိုက်ပျိုးတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများအား ပေါင်ပုပ်လက်ပုပ်နှင့် လည်​ချောင်းကွဲ​ရောဂါမဖြစ်ပွား​စေ​ရေးအတွက် ကျွဲ၊ နွားကာကွယ်ဆေးထိုးနှံ​ပေးခြင်း၊ နေအိမ်များတွင် တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် ဝက်များအား သံချဆေးများ ထိုးနှံမှုများဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ကျေးရွာများတွင် ကျွဲ၊ နွား၊ ဝက်ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျိုက်ဒုံမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်