ကျိုက်ဒံ ၁၃ ဩဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ဩဂုတ်လ ၁၃ ရက် နံနက် ၇ နာရီက ကျိုက်ဒုံမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာများသို့ ကွင်းဆင်း၍ ကျွဲ၊ နွား၊ ဝက်ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံ ဦးစောပန်းစိန်မှ စိုက်ပျိုးတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများအား ပေါင်ပုပ်လက်ပုပ်နှင့် လည်ချောင်းကွဲရောဂါမဖြစ်ပွားစေရေးအတွက် ကျွဲ၊ နွားကာကွယ်ဆေးထိုးနှံပေးခြင်း၊ နေအိမ်များတွင် တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် ဝက်များအား သံချဆေးများ ထိုးနှံမှုများဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကျေးရွာများတွင် ကျွဲ၊ နွား၊ ဝက်ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျိုက်ဒုံမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်