၁၈ အောက်တိုဘာ
Brave Entertainment မှ ကြီးမှူးကျင်းပမည့် Waterzonic နှင့် Don't Let Daddy Know Myanmar EDM ပွဲတော်တို့ကို မြန်မာပြည်တွင် တတိယအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။"Waterzonic EDM ပွဲသည် အခြား EDM ပွဲများနှင့်မတူဘဲ တစ်ကွင်းလုံးကို ရေတွေပက်ဖျန်းပြီး ရေများကြားတွင် ပျော်ရွှင်ရသည့်ပွဲဖြစ်တဲ့အတွက် လူငယ်များအနေနဲ့ EDM ကို ချစ်မြတ်နိုးသူများ အနေနဲ့ပါ ထူးခြားသည့် ပွဲလည်းဖြစ်ပါတယ်၊ လူငယ်များ EDM ကို နှစ်သက်သူများအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ ဒီ Waterzonic Myanmar EDM ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်အောင် ခေါ်ဆောင်ပေးလာသူကတော့ Brave Entertainment က ဖြစ်ပါတယ်။ Waterzonic Myanmar 2018 ပွဲကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲတဲ့အတိုင်း ကျင်းပပြုလုပ်မှာပါ။ လက်မှတ်ဈေး နှုန်းများကတော့ ရိုးရိုးတန်း ၂၅၀၀၀ နဲ့ VIP တန်း ၆၀၀၀ဝ ဖြစ်ပါတယ်။ လက်မှတ်တွေကို အောက်တိုဘာ ၁၉ ရက်ထိ ရောင်းချပေးမှာပါ" ဟု Brave Entertainment မှ ကိုစိုးလှိုင်က ပြောသည်။
အဆိုပါပွဲသည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး အရှေ့တောင်အာရှ၏ အကြီးမားဆုံး EDM ပွဲတော်ကြီးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ နိုဝင်ဘာ(၁၀)ရက် ည(၇)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏရှိ The One Entertainment Park တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာမှ နာမည်ကြီး DJ Artist များဖြစ်သည့် Supporting DJ ၊ SICK INDIVIDUALS ၊ THIRD PARTY တို့နှင့်အတူ ပြည်တွင်းမှ နာမည်ကျော် DJ ပညာရှင်များ ပူးပေါင်းဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။ ထို့အပြင် Brave Entertainment မှ Don't Let Daddy Know ပွဲတော်မှာ ဥရောပသာမက နိုင်ငံတကာတွင် နာမည် ကျော်ကြားသော EDM ပွဲတော်ကြီးကိုလည်း ကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ (၃၀)ရက်တွင် ဝင်ခွင့်လက်မှတ်များကို Brave Entertainment Page တွင် ဝင်ရောက်ကြည့်ရှုပြီး ကြိုတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိုလင်း