၁၈ အောက်တိုဘာ 

 

ကမ္ဘာ့အကြီးဆုံး Miss ပြိုင်ပွဲများတွင် တစ်ခုအပါအဝင် ဖြစ်သော The Miss Globe 2018 ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မြတ်အိန္ဒြေထက် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။Albania နိုင်ငံ Tirana မြို့၌ အောက်တိုဘာ ၁၁ ရက်မှ  ၂၁ ရက်အထိ ကျင်းပပြုလုပ်မည့် ၄၅ ကြိမ်မြောက် The Miss Globe 2018 အလှမယ် ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ ပြိုင်ပွဲဝင် အလှမယ်များ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် မြတ်အိန္ဒြေထက်မှ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

"ညီမက Miss globe ကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဆုရရှိခဲ့တာပါ။ ဒါပေမဲ့ ဗီဇာအခက်အခဲ အမျိုးမျိုးကြောင့် သွားရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ အားလုံးပြင်ဆင်ပြီးမှ ကပ်လွဲခဲ့ရတယ်။ ဒီခရီးက ညီမအတွက် ပထဆုံးသော မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးစဉ် ဖြစ်သလို အကြီးဆုံးသော ပြိုင်ပွဲတစ်ခု ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီပွဲကို ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရမှာ ဖြစ်တဲ့အတွက် ဟိုရောက်ရင် အသုံးပြုမယ့် ပစ္စည်းတွေကအစ မြန်မာ့ရိုးရာ လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုဖို့ ပြင်ဆင်သွားတယ်။ Talent ပိုင်း အတွက် ဆိုရင်လည်း ညီမငယ်ငယ်ကတည်းက ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး ဆုတွေလည်း အများကြီး ရထားတာဆိုတော့ မြန်မာအကထဲက ထိုင်မသိမ်း ထမီအနားကို တီးလုံးသုံးမျိုးနဲ့ ရော စပ်ပြီး ကပြမှာပါ။ National Custom ကိုတော့ အော်ဂနိုင်ဇေးရှင်းနဲ့ပေါင်းပြီး မြန်မာ့လက်ဝှေ့နဲ့ ထိုးကွင်းကို ဖော်ထုတ်ပြဖို့ စိတ်ကူးနဲ့ ဝတ်စုံဖန်တီးသွားပါတယ်" လို့ သူမရဲ့ ပြင်ဆင်မှုတွေကို ပြောပါတယ်။

 

ယခုပွဲစဉ်ရဲ့ voting စနစ်က ပိုက်ဆံနဲ့ဝယ်ပြီး လုပ်ရတာဖြစ်လို့ အားငယ်ပေမယ့် ပရိသတ်ရဲ့ အားပေး မှုကိုတော့ အများကြီးတောင့်တမိတယ်လို့လည်း ဆိုပါတယ်။"ညီမက ဒီနှစ်မှစပြီး ဒီပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တော့ ကိုယ့်နိုင်ငံကို လူအများသိအောင် အားထုတ်ရမှာပါ။ ပတ်ဝန်းကျင် အသစ်တစ်ခုကို ငါတည်ဆောက်ရမယ်ဆိုတဲ့ စိတ်နဲ့သွားတာပါ။ အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အကောင်းဆုံး ကြိုးစားသွားမယ်။ မြန်မာလူမျိုးတွေ ဘယ်လောက်ကြိုးစားတယ်။ ဘယ်လောက်တော်တယ်ဆိုတာ သိအောင်တော့ အစွမ်းကုန် ကြိုးစားမှာပါ။ နောက်တစ်ခု ညီမတို့ပွဲက ပိုက်ဆံနဲ့ဝယ်ပြီး Vote ရတာဆိုတော့ ကိုယ့်မြန်မာပရိသတ်တွေကဆီက အားလျော့မယ် ဆိုတာ သိပေမယ့် ရှိသလောက် အားအင်အပြည့်နဲ့ ပြိုင်ပွဲကိုဝင်မှာပါ။ ပရိသတ်တွေရဲ့ မေတ္တာကို အများကြီး မျှော်လင့်နေပါတယ်ရှင်"လို့ သူမက ပြောပါတယ်။The Miss Globe 2018 ပြိုင်ပွဲကြီးတွင် အားပေးလိုသူများအနေဖြင့် ၎င်းတို့ရဲ့ Official Page မှ The Miss Globe Page ရဲ့ Beauty Pageant Page တွင် vote ပေးနိုင်သည်ဟု သိရသည်။

 

ကိုလင်း