မောင်တော ၁၆ ဩဂုတ်
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ မောင်တောခရိုင်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ ငါးမွေးတောင်သူများအား CERP ပါ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ဘူးသီးတောင်မြို့နယ်မှ ငါးမွေးတောင်သူ (၂၆)ဦး၊ ငါးမွေးမြူဧက(၄၇)ဧကအတွက် ငါးသားပေါက်ကောင်ရေ(၉၄၀၀၀)အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ မောင်တောမြို့နယ်မှ ငါးမွေးတောင်သူ(၁၆)ဦး၊ ငါးမွေးမြူ ဧက(၂၅) အတွက် ငါးမြစ်ချင်းသားပေါက် ကောင်ရေ (၅၀၀၀၀)အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား လည်းကောင်း အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။
သတင်းစဉ်