ကျိုက်မရော ၂၂ သြဂုတ်
ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၂၂ ရက်နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းခဲ့သဖြင့် ကျိုက်မရော-မုဒုံသွား ကားလမ်းမပေါ်ရှိ ခုနှစ်ခွေတောင် လမ်းပိုင်း၌ ယနေ့ ညနေ ၃နာရီက တောင်ပေါ်ရှိ မြေသားများပြိုကျလျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ခုနှစ် ခွေ တောင်ကားလမ်းမပေါ်ရှိ မြေကြီးများပြိုကျရာနေရာသို့ ကျိုက်မရော လူငယ်ပရဟိတအဖွဲ့များမှ အဆိုပါလမ်း၌ သွားလာကြမည့်မော်တော်ယာဥ်များ၊ဆိုင်ကယ်များအား အန္တရာယ်မဖြစ်ပေါ်စေရန် အတွက် ကူညီဆောင်ရွက်ပေးမှုများ ဆောင်ရွက်လျက်ရှိပြီး သတိထား၍သွားလာကြရန် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်ထိ မြေပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူနှင့်အခြား တိရစ္ဆာန်များပျက်စီးထိခိုက်မှုမရှိကြောင်းသတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


