ကျိုက်မ​ရော  ၂၂  သြဂုတ်   


ကျိုက်မ​ရောမြို့နယ်တွင် သြဂုတ် ၂၂ ရက်​နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ​တောင်ကျ​ရေများ စီးဆင်းခဲ့သဖြင့် ကျိုက်မ​ရော-မုဒုံသွား ကားလမ်းမ​ပေါ်ရှိ ခုနှစ်​ခွေ​တောင် လမ်းပိုင်း၌ ယ​နေ့ ည​နေ ၃နာရီက ​တောင်​ပေါ်ရှိ ​မြေသားများပြိုကျလျက်ရှိ​နေ​ကြောင်း သိရသည်။

 

အဆိုပါ ခုနှစ် ​ခွေ ​တောင်ကားလမ်း​မ​ပေါ်ရှိ မြေကြီးများပြိုကျ​ရာ​နေရာသို့ ကျိုက်မ​​ရော လူငယ်ပရဟိတအဖွဲ့များမှ   အဆိုပါလမ်း၌ သွားလာကြမည့်​မော်​တော်ယာဥ်များ၊ဆိုင်ကယ်များအား အန္တရာယ်မဖြစ်​ပေါ်​စေရန် အတွက် ကူညီ​ဆောင်ရွက်​ပေးမှုများ ဆောင်ရွက်လျက်ရှိပြီး သတိထား၍သွားလာ​ကြရန် အသိ​ပေးနှိုး​ဆော်​ပေးလျက်ရှိ​​​ကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ မြေပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူနှင့်အခြား တိရစ္ဆာန်များပျက်စီးထိခိုက်မှုမရှိ​ကြောင်းသတင်းရရှိသည်။
 

ချိုမြတ်မြတ်​ထွေး(ကျိုက်မ​ရော)