ရေနံချောင်း   ၂၀  ဇန်နဝါရီ

 

ယာဉ်မောင်းလိုင်စင်၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းများကို ဇန်နဝါရီ ၁၉ ရက်က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရွှေဘုံသာ ပြည်သူ့အားကစားခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

0119

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မော်တော်ယာဉ် ၈၇ စီး၊ သုံးဘီးဆိုင်ကယ် ၅၀ စီး၊ မော်တော်ဆိုင်ကယ် ၂၅၅ စီး၊ ထော်လာဂျီ ၁ စီး စုစုပေါင်း ၃၉၃ စီးနှင့် ယာဉ်မောင်းလိုင်စင် ၁၉ ဦးကို ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချောက်မြို့နယ် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး(ပြန်/ဆက်)