လှိုင်းဘွဲ  ၂၀  ဇန်နဝါရီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများ၏ စိုက်ပျိုးမြေများတွင် ငမြှောင်တောင်ပိုးများ ကျရောက်မှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

522

 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူတွေ အနေနဲ့ မိမိတို့ စိုက်ပျိုးထားတဲ့သီးနှံတွေ ဆုံးရှုံးပျက်စီးမှုမရှိဘဲ အကျိုးခံစားမှု အပြည့်အဝ ရရှိစေချင်တဲ့အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် တောင်သူတွေအနေနဲ့ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲခြင်း၊ ပိုးသတ်ဆေးအား မှားယွင်းစွာ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ရှောင်ရှားနိုင်အောင် ဝန်ထမ်းများကိုယ်တိုင် သက်ဆိုင်ရာ လယ်ယာစိုက်ခင်းများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပညာပေးဆွေးနွေးခဲ့သည်။

 

တောင်သူများအနေဖြင့်လည်း မိမိတို့စိုက်ပျိုးထားတဲ့ လယ်ယာမြေများတွင် အခက်အခဲများ တွေ့ကြုံလာပါက စိုက်ပျိုးရေး ဦးစီးဌာနသို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး အခြားလယ်ယာမြေများသို့လည်း ကွင်းဆင်းဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်ဝင်းထံမှ သိရသည်။

 

ခင်စန်းမြင့်