ဟင်္သာတ ၂၀ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရွှေကူကျွန်းကျေးရွာ ပြောင်းစိုက်ခင်းများတွင် ကောင်းကင်ဆေးဖြန်းကိရိယာဖြင့် ငမြှောင်တောင်ပိုး စုပေါင်းကာကွယ်နှိမ်နင်းမှုကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် တိုင်းဒသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟင်္သာတခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက ကောင်းကင်ဆေးဖျန်း ကိရိယာအသုံးပြု၍ ပက်ဖျန်းနှိမ်နင်းပြသမှုတို့အား ကြည့်ရှုခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ကောင်းကင်ဆေးဖျန်း ကိရိယာစက်(၄)ခု အသုံးပြု၍ ရွှေကူကျွန်းကျေးရွာရှိ ငမြှောင်တောင်ပိုး ကျရောက်သည့် ပြောင်းစိုက်ခင်းများအား လည်းကောင်း၊ ဇလွန်မြို့နယ်အတွင်းရှိ ငမြှောင်တောင်ပိုး ကျရောက်သည့် ပြောင်းစိုက်ခင်းများတွင် လည်းကောင်း အဆိုပါကိရိယာများဖြင့် ပက်ဖျန်းသွားမည်ဖြစ်ပြီး ကောင်းကင်ဆေးဖျန်း ကိရိယာအသုံးပြုနိုင်မှုမှာ ဆေးဖျန်းချိန်(၈)နာရီတွင် ဧက(၆၀)မှ (၁၀ဝ)ဝန်းကျင်အထိ ပက်ဖျန်းနိုင်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)