ကြံခင်း ၂၀  ဇန်နဝါရီ  

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ နွေရာသီ ဒီဂျစ်တယ်နည်းပညာသင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ဧပြီလအထိ အလင်းအိမ်(ကြံခင်း)၌ ဖွင့်လှစ်ခဲ့သည်။

 

8855

 

အဆိုပါ နွေရာသီ ဒီဂျစ်တယ်နည်းပညာသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှု၊ တယ်လီနောမြန်မာ၏ အဓိကပံ့ပိုးမှုဖြင့် Myanmar ICT For Development Organization (MIDO) ၏ ကြီးကြပ်ဆောင်ရွက်မှု၊ အလင်းအိမ် (ကြံခင်း)၏ သင်ကြားမှုဖြင့်  DS School Program (အခမဲ့) ကွန်ပျူတာသင်တန်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

သင်တန်းတွင် အခြေခံရုံးသုံး စာစီစာရိုက်၊ အခြေခံစာရင်း ဇယားရေးဆွဲခြင်း၊ Presentation ပြသခြင်း၊ Microsoft Power Point နှင့် ဘေးကင်းလုံခြုံသည့် အင်တာနက် အသုံးပြုမှု စသည့် ဘာသာရပ်များ ပါဝင်ပြီး သင်တန်းဆရာ ဆရာမအဖြစ် အလင်းအိမ်(ကြံခင်း) နည်းပညာဖွံ့ဖြိုးရေး  စင်တာမှ Training Manager ရန်နိုင်ဦး၊ သင်တန်းကြီးကြပ်ဆရာ သူရကျော်ကျော်နှင့် ဆရာမ ဟယ်ရီလင်းတို့မှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပို့ပို့(ပြန်/ဆက်)