တာချီလိတ် ၂၂ အောက်တိုဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ပထမဆုံးအကြိမ် Mister World Tachileik ပြိုင်ပွဲကို နိုဝင်ဘာလတွင် Mister World Tachileik Organization က ကြီးမှူး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

Mister World Tachileik အနေဖြင့် မိမိတို့လူမျိုးနှင့် ယဉ်ကျေးမှုဂုဏ်ကို ဖော်ဆောင်နိုင်ရန်၊ လူငယ်တို့၏ စံပြလူငယ် ဖြစ်စေရန်၊ အားကစား လိုက်စားပြီး မူးယစ်ဆေးဝါး ကင်းစင်သူ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသည့် မြို့ဂုဏ်ဆောင် လူငယ်လူရွယ်များကို ရွေးချယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း Mister World Tachileik Organization မှ National Director ကိုသက်ထွေးဇော် က ပြောသည်။

 

အဆိုပါ ပြိုင်ပွဲ၏ Grand final ပွဲကို နိုဝင်ဘာ ၄ ရက်တွင် အောင်မြတ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် Mister အနေဖြင့် ရန်ကုန်မြို့တွင် ကျင်းပမည့် Mister World Myanmar တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)