၂၅ အောက်တိုဘာ
အဆိုတော်အဖြစ်နှင့်သာမက သရုပ်ဆောင်အဖြစ်နှင့်ပါ ပရိသတ်၏ အားပေးမှုတွေ ရရှိခဲ့သည့် အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်အနေဖြင့် 1999 ဟု အမည်ပေးထားသော ပထမဆုံး တစ်ကိုယ်တော်စီးရီးနှင့် အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှာတော့ " နှောင်းတမြေ့မြေ့" ရုပ်ရှင်ဇာတ်ကား ဖြင့် သူ့ဘဝ၏ တစ်ဆစ်ချိုး ပြောင်းလဲမှုတစ်ခု ဟုဆိုရမည်။ မြန်မာရုပ်ရှင် သရုပ်ဆောင်တိုင်း တောင့်တနေသည့် အကယ်ဒမီရွှေစင်ရုပ်တုကို ဆွတ်ခူးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၀၂ ခုနှစ်တွင် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို " အမေ့နို့ဖိုး " ဇာတ်ကားဖြင့် လည်းကောင်း ၊ ၂၀၀၄ ခုနှစ် မှာတော့ တတိယအကြိမ်မြောက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို " မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" ဇာတ်ကားဖြင့် ရရှိခဲ့ပြီး အနုပညာလောက၏ အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။
ယခုအချိန်အထိလည်း ပရိသတ် လက်ခံနေဆဲ အနုပညာရှင်တစ်ယောက်ဖြစ်နေသော်လည်း အနုပညာအလုပ် တွေ ဘာကြောင့်ရပ်နားရသည်ဆိုတာနှင့် ပတ်သက်ပြီး ယခုလို ပြောကြားလာခဲ့သည်။"ကျွန်မရဲ့ Fan စစ်စစ်တွေကိုတော့ တောင်းပန်ပါတယ်။ ကျွန်မရှောင်လွှဲလို့မရတဲ့ စကားကိုတော့ ကျွန်မပြောရ တော့မှာပါပဲ။ အသက်အရွယ်ကြောင့် အနုပညာသရုပ်ဆောင် အလုပ်ကနေ နားပါတော့မယ်။ ထုတ်လုပ် ရေးကတော့ ဆက်လုပ်ဖြစ်ပါမယ်၊ ထုတ်လုပ်ရေးကိုတော့ပုံမှန် မခိုင်တို့လုပ်ဖြစ်မှာပါ၊ စီးပွားဖြစ်လုပ်တာ ဆိုတာ ထက် ကိုယ့်ရဲ့ အနုပညာသူငယ်ချင်းတွေနဲ့လည်း အဆက်မပြတ်တွေ့နေရမယ် ၊စုစည်းမှုလည်း ရနေမယ်လေ ၊ သရုပ်ဆောင်အလုပ်ကို ငြီးငွေ့လာတာတောမဟုတ်ပါဘူး ၊ တကယ်တမ်း ပြောမယ်ဆို ဒီအလုပ်က ကိုယ်စပြီး သရုပ်ဆောင်တော့မယ်ဆို စိတ်ဝင်စားမှုက အဓိကကျပါတယ် ၊ မလုပ်ခင်လေးခဏမှာတော့ တော်တော်ဝန် လေးတယ်၊ အရွယ်ကောင်းတုန်းကတော့ စိတ်က သိပ်ပြီး အလုပ်ပေါ် အာရုံ စိုက်နိုင်တယ် ၊ စိတ်ဓာတ်ကလည်း တက်ကြွနေတာကိုး ၊ အဲ့တုန်းက ကိုယ့်ဟာကို ဘရိတ်မနည်းအုပ်ထားရတယ် ၊အခုချိန်မှာတော့ စိတ်တွေက ဟိုးအောက်ဆုံးကို ရောက်နေတယ် ၊ အဲ့တော့နားပြီး ဘာသာရေးလေးလုပ်မယ် ၊စီးပွားရေးလုပ်မယ် ၊ချမ်း သာလွန်းလို့တော့မဟုတ်ပါဘူး ၊ကိုယ့်ရဲ့ အသက်က တဖြည်းဖြည်း စကားပြောလာပြီကိုး၊ အဲ့တော့လုပ်သင့် တာကို လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုခိုင်မာပါတယ် ၊အဲ့တော့ ဒီအလုပ်ကို စွန့်လွှတ်တော့မှာပါ " ဟု ထွန်းအိန္ဒြာဗိုလ်က ပြောဆိုခဲ့သည်။
ကိုလင်း