၃ ဒီဇင်ဘာ

 

ဂျပန်နိုင်ငံ၏ နာမည်ကြီး အမှတ်တံဆိပ်  နာရီများကို ထုတ်လုပ်ဖြန်ဖြူးလျက်ရှိသည့်၊ CASIO Company  ၏ Brand တစ်ခုဖြစ်သည့်  "G- Shock   အမှတ်တံဆိပ် ၏ ၃၅ နှစ်ပြည့် အမှတ်တရပွဲနှင့်  Baby -G အမျိုးသမီးပတ်နာရီ၏ အထူးကိုယ်စားလှယ်အဖြစ် အကယ်ဒမီ ဝတ်မှုံရွှေရည်ကို ခန့်အပ်မှုအကြောင်းကို အကယ်ဒမီ ဝတ်မှုံရွှေရည်က "ကစ်ကိုအခုလို့ ကမ်းလှမ်းတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်၊ ကစ်တို့ငယ်ငယ်ကတည်းက  Casio အမှတ်တံဆိပ် ဆိုတာ နာမည်ရှိပြီး၊ အကြမ်းခံတဲ့နာရီလေ၊ အဲ့လို နာရီကြီးတွေထုတ်တဲ့ ကုမ္ပဏီကနေ  Baby -G ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ်ဆိုပြီး လာရောက်ကမ်းလှမ်းတာမို့ ၊ကစ်ကြိုက်တဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ၊ ပြီးတော့ ကစ်နဲ့  ဒီအသစ်ထွက်မယ့် Baby -G  MS ကိုလည်း ကြောငြာဖြစ်နဲ့ မြင်ရအုံးမှာပါ ၊  ပြီးတော့ ဒီနာရီလေးက  ရုံးတက်နေတဲ့ မိန်းကလေးတွေအတွက်ဆိုလည်း သင့်တော်တဲ့ နာရီလေးပါ ဟု ပြောသည်။

 

 

အဆိုပါ  G- Shock နာရီ သည် သက်တမ်း (၃၅ နှစ်တိုင်အောင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်း အထိန်းအမှတ်အဖြစ် နိုဝင်ဘာ(၂၉) ရက်နေ့မှ စတင်ပြီး၊ ကမ္ဘာနိုင်ငံပေါင်း (၂၆) နိုင်ငံတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်ကလည်း G-Shock ၏ Brand Ambassador အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

 

ကိုလင်း